Gym ဆော့ရင်း မကိတ်လာဘဲ အမျိုးသမီးရင်သားလို စူထွက်လာတာကြောင့် ခွဲစိတ်မှု့လုပ်ခဲ့ရသူ အမျိုးသား

Today Online ရဲ့ ဖော်ပြချက်အရ အသက် ၅၀ရှိပြီဖြစ်တဲ့ စင်္ကာပူနိုင်ငံသား အရောင်းမန်နေဂျာတစ်ဦးဖြစ်သူ Peter Lee ဟာ ရင်သားခွဲစိတ်မှု့တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဘာလို့ ရင်သားခွဲစိတ်မှု့ပြုလုပ်ရတာလည်းဆိုတော့ သူ့ရဲ့ ရင်ဘတ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ဘတ်လိုဖြစ်နေတာကြောင့်ဘဲဖြစ်ပါတယ်။

ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အရမ်းကိုများပြားလွန်းတဲ့ အဆီတွေကြောင့်နှင့် သူပြုလုပ်နေကြတဲ့ ဖြစ်တဲ့ လေ့ကျင့်ခန်းတွေကြောင့်ဘဲဖြစ်ပါတယ်။ ပီတာဟာ သူ့ရဲ့ ခါးဆိုဒ်ဖြစ်တဲ့ ၃၂လက်မ ဆိုတဲ့ ဆိုဒ်ကို နှစ်နှစ်ဆယ်ကျော်ကြာ ထိန်းသိမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်းနိုင်ခဲ့တဲ့ အဓိက အချက်ကတော့ သူဟာ လေ့ကျင့်ခန်းတွေကို အရမ်းပြင်းပြင်းထန်ထန်နှင့် အချိန်မှန်ပြုလုပ်ခဲ့လို့ဘဲဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံ အရ ပီတာမှာ အခက်အခဲတွေ့နေတာတစ်ခုရှိခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့ ရင်သားတွေ ဘဲဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်လိုက်တဲ့ အချိိန်တိုင်း ပိုမိုပြီး အရွယ်အစားကြီးမာလာလည်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက တော့ သူ့ရဲ့ နိုးသီးခေါင်းအောက်ခြေမှာ အဆီဓာတ်တွေများပြားနေတာကြောင့်ဘဲဖြစ်ပါတယ်။” ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကောင်းပါတယ်။ အချိုးအဆစ်လည်း ကျနပါတယ်။ ဒါပေမယ့် ဒီရင်သားကြီးကတော့ တကယ်ကို စိတ်ပျက်စရာကောင်းပါတယ် ။ သူတို့က မကြီးပါဘူး။ ဒါပေမယ့် ကျွန်တော်ပြေးလိုက်လို့ရှိရင် သူတို့တွေက လှုပ်ယမ်းနေတာကြောင့်ဘဲဖြစ်ပါတယ်။

ဒီလိုနဲ့ လူတွေ သတိထားမိလာတာပေါ့။ ကျွန်တော် ဒီလိုဖြစ်နေတာကို မုန်းတယ်။ ဒါကြောင့်လည်း အားကစားလုပ်နေတဲ့ အချိန်မှာတောင် ကျွန်တော် အကျီကြီးကို ၀တ်ထားခဲ့တာဖြစ်ပါတယ်။” ဆိုပြီး ပီတာကပြောပြခဲ့ပါတယ်။ပုံပျက်နေတဲ့ ရင်သားကြီး ပျောက်ကင်းဖို့အတွက် ပီတာတစ်ယောက် အားကစားတွေကို ပြုလုပ်ခဲ့ပေမယ့်လည်း မကျဆင်းသွားတာ ကြောင့် နောက်သုံးလ အကြာမှာတော့ ရင်သားခွဲစိတ်ဖို့ အတွက် ဆုံးဖြတ်ခဲ့တာဘဲဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းလေးပါဘဲ။ သူ့ရဲ့ရင်သားတွေကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီးတော့ ပီတာတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှု့အပြည့်နှင့် လျှောက်လှမ်းနေတာကိုတွေ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*