
ဆော်ဒီအာရေဗျနိုင်ငံတွင် လက်ထပ်ပြီးစ ခင်ပွန်းသည်က ဇနီးဖြစ်သူနှင့် ရင်းနှီးမှုရရှိရန် ကြိုးပမ်းခဲ့သော်လည်း သူမက သူငယ်ချင်းများထံသာ text များ ပေးပို့လျက်ရှိသောကြောင့် စိတ်ဆိုးဒေါသ ထွက်ခဲ့ကြောင်း သိရသည်။
ယခုအခါတွင် အဆိုပါ ဇနီးမောင်နှံနှစ်ဦးသည် ကွာရှင်းပြတ်စဲသည့် လုပ်ငန်းစဉ်ကို စတင်လျက်ရှိကြောင်း ဆော်ဒီသတင်းစာ Al Watan မှဖော်ပြသော သတင်းကို ကိုးကား၍ Gulf News မှဖော်ပြခဲ့သည်။ ၎င်းစုံတွဲသည် ဟိုတယ်အခန်းသို့ သွားချိန်တွင် ပျော်ရွှင်ခဲ့လျက်ရှိကြောင်း သတို့သား၏ ဆွေမျိုးနီးစပ်များက ပြောဆိုခဲ့သည်။
“သတို့သမီးက အခန်းထဲရောက်တာနဲ့ ဖုန်းပဲ သုံးနေတယ်။ သတို့သားက သူမ အနားတိုးပြီး ရင်းနှီးမှု ရအောင် ကြိုးစားပါတယ်။ ဒါပေမဲ့ သူမက ဘာမှမလုပ်သလို စကားလည်းပြန်မပြောဘဲ လျစ်လျူရှုနေတာကြောင့် သူတော်တော် တုန်လှုပ်သွားပါတယ်” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးက Al Watan သတင်းစာသို့ ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်တွင် သူငယ်ချင်းများထံ စာပေးပို့နေသည့် ဇနီးသည်ကို ခင်ပွန်းက ရပ်တန့်ရန် ပြောကြားခဲ့သည်။ “သူ့ထက် သူငယ်ချင်းတွေက ပိုအရေးကြီးသလားလို့ သတို့သားကမေးတဲ့အခါမှာ သတို့သမီးက ဟုတ်တယ်လို့ ဖြေလိုက်တယ်” ဟု ဆွေမျိုးတစ်ဦးက ပြောကြားခဲ့သည်။
Leave a Reply