ပျောက်ဆုံးသွားတဲ့ သားလေးရဲ့ဓာတ်ပုံနဲ့ T-shirt ကိုဝတ်ဆင်ထားပြီး သားဖြစ်သူကိုပြန်ရှာတွေ့နိုင်ဖို့ ကြိုးစားနေတဲ့ဖခင်

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Mohd Fauzi အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ 10လကျော်ခန့်က Muhammad Zahiruddin Putra အမည်ရှိတဲ့ သားငယ်လေးကို ပျောက်ဆုံးသွားခဲ့ပါတယ် ။ သားဖြစ်သူကိုနောက်တစ်ကြိမ်ပြန်ရှာတွေ့နိုင်အောင် သားလေးရဲ့မျက်နှာပုံပါတဲ့ T-Shirt ကိုဝတ်ဆင်ထားပြီးရိုက်ယူးထားတဲ့ ဓာတ်ပုံကို သူ၏ Facebook စာမျက်နှာမှာဝေမျှခဲ့ပါတယ် ။ သားဖြစ်သူပျောက်ဆုံးသွားခဲ့ကတည်းက ပြန်ရှာတွေ့နိုင်ဖို့ စောင့်ဆိုင်းရင်း ရက်ပေါင်းများစွာကိုရေတွက်နေလျက်ရှိကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ် ။

” ရက်တွေ ရေတွက်လာခဲ့တာ 10လ ၊ 303 ရက်ရှိနေပြီ ၊ ကျွန်တော့်ရဲ့နာကျင်ခံစားရတဲ့ ဝေဒနာကို ဘယ်လိုပြောပြရမလဲဆိုတာ မသိတော့ပါဘူး ၊ Allah ကသာ နားလည်ပါလိမ့်မယ် ၊ ဒါကြောင့် ကျွန်တော့်သားလေးကို ကျွန်တော်ဆီပြန်ပို့ပေးပါ ” ဆိုပြီး သူ့ရဲ့ခံစားချက်ကို သားဖြစ်သူရဲ့ ဓာတ်ပုံနှင့်တကွ ဝေမျှခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*