သမီးဖြစ်သူကိုသွားလည်ရင်း မထင်ထားတဲ့အဖြစ်အပျက်မျိုးနဲ့ အဆုံးသတ်သွားခဲ့တဲ့ အဘွားအို

ပြီးခဲ့တဲ့ မေလ 28 ရက်နေ့က မလေးရှားနိုင်ငံ ၊ Serdang မြို့မှာနေထိုင်တဲ့ Lim Sai Lung အမည်ရှိတဲ့ အဘွားအိုဟာ သမီးအိမ်ကိုသွားရောက်လည်ပတ်ဖို့ နေအိမ်ကနေထွက်သွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ် ။ June 5 ရက်နေ့မှာမှ အဆိုပါအသက် 76 နှစ်အရွယ် အဘွားအိုရဲ့ရုပ်အလောင်းကို နေအိမ်ရဲ့ 100metres အကွာအဝေးမှာရှိတဲ့ လမ်းမကြီးဘေးအနီးမှာရှိတဲ့ ရေမြောင်းတစ်ခုအတွင်းမှာ တွေ့ရှိခဲ့ပါတယ် ။

အဆိုပါ ပတ်ဝန်းကျင်အနီးအနားမှာ နေထိုင်နေကြတဲ့သူတွေကတော့ လွန်းခဲ့တဲ့ 3ရက်ခန့်ကတည်းက ရေမြောင်းထဲမှအနံ့ဆိုးတွေ ရရှိခဲ့ပေမဲ့လည်း ရေမြောင်းကညစ်ပတ်နေလို့ အနံ့ထွက်တယ်လို့သာ သာမှန်တွေးထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဘွားအိုပျောက်ဆုံးနေတဲ့ သတင်း နှင့် ရေမြောင်းပုပ်နံထွက်နေတဲ့ အကြောင်းကိုဆက်စပ်မိပြီး ရေမြောင်ထဲသို့ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ခဲ့ချိန်မှာတော့ လက်တစ်ဖက်ကို တွေ့ရှိခဲ့ပါတော့တယ် ။

ရေမြောင်းအဖုံးကို ဖယ်ထုတ်ပစ်ပြီးနောက်ပိုင်းမှာတော့ ရုပ်အလောင်းကိုတွေ့ရှိခဲ့တဲ့အပြင် အဆိုပါရုပ်အလောင်းဟာ အဘွားအို Lim ၏ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။ အဘွားအိုရဲ့မိသားစုဝင်များကလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး အဘွားအိုရဲ့အဝတ်အစား ၊ ဖိနပ်များကိုပါ တွေ့ရှိခဲ့တဲ့အတွက် အဘွားအိုရဲ့ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။

အဘွားအိုရဲ့မြေးမလေးကတော့ ” အဘွားကိုရှာတွေ့ပါပြီ ၊ အဘွားကိုရှာတွေ့အောင် post တွေ share ပေးတဲ့သူအကုန်လုံးကို ကျေးဇူးတင်ပါတယ် ” ဆိုပြီး ရေးသားကာ Facebook စာမျက်နှာပေါ်တွင် ဝေမျှခဲ့ပါတယ် ။ အချို့သော သူများကတော့ အဘွားအိုဟာ စိတ်ဖောက်ပြန်မှုရှိနေသူ ၊ အခြားသော ကျန်းမာရေးအခြေအနေတွေ မကောင်းသူဆိုပြီး ဝေဖန်းရေးသားခဲ့ကြပေမဲ့ အဘွားအိုရဲ့မိသားစုဝင်တွေကတော့ အဘွားအိုဟာ မည်သည့်ရောဂါမျိုးမှမရှိဘဲ ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*