
တရုတ်နိုင်ငံ Rui An မြို့ငယ်လေးမှာနေထိုင်တဲ့ Peng Xiao Ying အမည်ရှိတဲ့ အသက် 45 နှစ်အရွယ်အမျိုးသမီး နှင့် သူမရဲ့ခင်ပွန်းဖြစ်သူ အသက် 49 နှစ်အရွယ် Fan De Duo တို့ဟာ ၎င်းတို့ရဲ့ဆန်းသစ်လွန်းတဲ့ ကကွက်တွေကြောင့် social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။
အဆိုပါ လင်မယားဟာ Covid -19 ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားနေချိန် ၎င်းတို့ရဲ့ကကွက် video ကို social media ပေါ်ဝေမျှခဲ့တာကြောင့် ချစ်ဖို့ကောင်းပြီးရယ်မောစရာကောင်းလွန်းတဲ့ ၎င်းတို့ကကွက်ဟာ လူအများစုကို စိတ်ပျော်ရွှင်မှုပေးစေခဲ့ပါတယ် ။ အဆိုပါ ကကွက်လေးတွေဖြစ်ပေါ်လာစေခဲ့တဲ့ နောက်ခံဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုရှိခဲ့ပါတယ် ။
အဲတာကတော့ ခင်ပွန်းဖြစ်သူဟာ ဆိုးဝါးလွန်းတဲ့ယာဉ်မတော်တဆမှုတစ်ခုဖြစ်ခဲ့ဖူးပြီးနောက်ပိုင်း ပြင်းထန်တဲ့နာတာရှည်စိတ်ဝေဒနာကိုခံစားခဲ့ရပါတယ် ။ အဆိုပါ စိတ်ဝေဒနာကြောင့် အလွယ်တကူစိတ်လှုပ်ရှားပြီး ဒေါသထွက်လေ့ရှိကာ ညဖက်အိပ်မရတဲ့ဝေဒနာကိုပါ ထပ်ပြီးခံစားခဲ့ရပါတယ် ။ ထို့ကြောင့် အဆိုပါလင်မယားဟာ စီးပွားရေးအလုပ်ရပ်နားပြီး ရွာမှာသာအခြေချနေထိုင်ဖို့ Rui An မြို့ငယ်လေးဆီသို့ပြန်လာခဲ့ကြတာဖြစ်ပါတယ် ။
ခင်ပွန်းဖြစ်သူ၏စိတ်အခြေအနေ တိုးတက်လာအောင် ဇနီးဖြစ်သူက သူမနဲ့အတူ ကဖို့ဆွဲခေါ်ရင်း ယခုချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ အကနဲ့ ရောဂါဝေဒနာကို ကုသနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ဇနီးသည်ဖြစ်သူက ခင်ပွန်းအတွက် အကောင်းဖက်မြင်တတ် ၊ တွေးခေါ်တတ်တဲ့ အရာတွေကိုယူဆောင်ပေးပြီး ၊ ခင်ပွန်းဖြစ်သူကို ငြိုငြင်ခြင်းမရှိတဲ့အပြင် အရာအားလုံးစွန့်လွတ်ပြီး ခင်ပွန်းကိုသာရွှေးချယ်ခဲ့သောကြောင့် ” သူမက ကျွန်တော့်ရဲ့ အလင်းတန်းပါပဲ ၊ ကျွန်တော်က သူ့ရဲ့အရိပ်လေးပါ ” ဆိုပြီး ခင်ပွန်းဖြစ်သူက သူ့ရဲ့အချစ်ကို ဇနီးသည်လေးအား ဖွင့်ဟခဲ့ပါတော့တယ် ။
Leave a Reply