မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့တဲ့ ထူးထူးခြားခြားစပါးစိုက်ခင်းများ

လတ်တလောလူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ တရုတ်နိုင်ငံက ထူးခြားမှုတွေနဲ့ စပါးစိုက်ခင်းတွေကတော့ မြင်ရသူ ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့အထိ အံ့သြမှင်သက်မှုတွေ ပေးစွမ်းလျက်ရှိပါ တယ်။ အဆိုပါ စပါးစိုက်ခင်းတွေဟာ အရမ်းကို အရမ်းကိုလက်မြောက်တဲ့ ပန်းချီကားတွေကို ပုံဖော်ထားတာ ဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုတွေကို သိမ်းကျုံးရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ အဆိုပါ စပါးခင်းတွေကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ရှန့်ယန်မြို့မှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။ယခုနှစ်မှာကျင်းပတဲ့ ဒူးအန်ဝူပွဲတော်ကာလတွင်းမှာ ၎င်းထူးထူးခြားခြား ဖန်တီးထားတဲ့ စပါးခင်း တွေဟာ လာရောက်ကြည့်ရှု့သူတွေနဲ့ စည်ကားခဲ့တာပဲ ဖြစ်ပါတယ်။

အခုလိုထူးခြားတဲ့ ဖန်တီးမှုအနုပညာတွေနဲ့ ပြည့်နှက်နေတဲ့ စပါးခင်းလေးတွေကို စိုက်ပျိုးတဲ့ ရှန့်ယန်မြို့ကတော့ တရုတ်နိုင်ငံမှာ ပထမဆုံးဒေသအဖြစ် ရှိနေခဲ့ပြီး လွန်ခဲ့တဲ့ (၇)နှစ်ခန့်လောက်ကစတင် စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ် ဒူးအန်ဝူပွဲတော်ကာလအတွင်း လာရောက်ကြည့်ရှု့သူခရီးသွားများနဲ့ ပြည့်နှက်နေခဲ့ပြီး ယခုနှစ်မှာတော့ လက်ပေါင်း ၁၀၀၀ နဲ့ မယ်တော်ရုပ်ပုံ ဖန်တီးပုံဖော်ထားတဲ့ စပါးစိုက်ခင်းတွေဟာ ပရိသတ်စိတ်ဝင်စားမှုအများ ဆုံးဖြစ်နေခဲ့တယ်လို့သိရပါတယ်။

အဆိုပါ စပါးခင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံဗီဒီယိုထဲမှာလည်း အရောင် အသွေးစုံနဲ့ သုံးဖက်မြင် ရှုကွင်းရှုကွက်တွေနဲ့ ပုံဖော်စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို တွေ့ရမှာဖြစ်ပြီး နဂါးပုံနဲ့ ကွန်ဖြူးရှပ်ပုံ စိုက်ကွက်တွေဟာလည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*