စားရင်းသောက်ရင်း ပန်းကန်ထဲ သုံးပြီးသားပလာစတာကြီး ပါလာလို့ ပြဿနာတက်ခဲ့

စားနေရင်းသောက်နေရင်း ဆံပင်ပါတာလောက်ကို ခွင့်လွှတ်လို့ရပေမယ့် ဒီတခေါက်ကတော့ အတော်ကို ဆိုးပါတယ်။ Estee လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ မလေးရှားနိုင်ငံ Tebrau မြို့ကနာမည်ကြီး ပြင်သစ်စားသောက်ဆိုင် တစ်ဆိုင်မှာ သွားရောက်စားသောက်ရင်းနှင့် သူမမှာယူလိုက်တဲ့ စွပ်ပြုတ်ပန်းကန်ထဲမှာ အသုံးပြုပြီးသား အနာကပ်ပလာစတာတစ်ခု ပါလာတာကို ရွံရှာဖွယ်တွေ့ခဲ့ရတာဘဲဖြစ်ပါတယ်။

ဒါကြောင့် သူမက ” ကျွန်မ စားသောက်ဆိုင်မှာ နေ့လည်စာ စားနေတုန်း ဒါကို စွပ်ပြုတ်ခွက်ထဲကနေတွေ့ခဲ့ရတာ ဘဲဖြစ်ပါတယ်။ ဒီဟာကဘယ်လိုလုပ်ပြီး စွပ်ပြုတ်ခွက်ထဲရောက်နေရတာပါလည်း။ သူတို့တွေ အစားအသောက် ပြင်ဆင်နေတုန်းမှာ လက်အိတ်မစွပ်ဘူးဆိုတာ အရမ်းသိသာသွားပါပြီ။ အစားအသောက်တွေမှာလိုက်လို့ လာပို့တဲ့ အချိန်မှာ ကျန်းမာရေးနှင့် ညီညွှတ်အောင် တကယ်ကို အထူးဂရုစိုက်ပြီး ပြုလုပ်ပေးသင့်ပါတယ်။ ဘေးမှာ ကျွန်မရဲ့ ကလေးလည်း စွပ်ပြုတ်မှာပြီး သောက်နေပါတယ်။ သူ့ရဲ့ ပန်းကန်ထဲကကော ဘာတွေထွက်လာအုံးမှာလည်း ” ဆိုပြီး ဓာတ်ပုံနှင့် တကွ အွန်လိုင်းမှာ တင်ခဲ့ပါတယ်။

သူမရဲ့ ပိုစ့်အောက်က ကွန်မန့်တွေကို reply ပြန်ထားတာကိုကြည့်ခြင်းအားဖြင့် သူမရဲ့ ကလေးဟာ အသက် ၇နှစ်အရွယ်ဆိုတာကို သိရပြီးတော့ အဆိုးဆုံးဖြစ်သွားတာက သူမစွပ်ပြုတ်ကို သောက်လို့ ကုန်ခါနီးမှာမှ အဲ့ဒီသုံးပြီးသား ပလာစတာကို တွေ့လိုက်ရတာဘဲဖြစ်ပါတယ်လို့ဆိုပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် စားသောက်ဆိုင်အနေနဲ့ သူမကို စိတ်ကျေနပ်စေအောင်ဆိုပြီးတော့ ကျသင့်ငွေထဲက နေပြီးတော့ စွပ်ပြုတ်ဖိုးကို ဖယ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမတို့ မိသားစုကတော့ ဒီပလာစတာ စွပ်ပြုတ်ဖိုးကို မရှင်းခဲ့ရဖူးလို့ ဆိုပါတယ်။

ဒီပိုစ့်ရဲ့ အောက်က ကွန်မန့်တွေကိုတော့ အခုလိုဘဲ တွေ့မြင်ရမှာဘဲဖြစ်ပါတယ်။

” ဒီ ပလာစတာ က စွပ်ပြုတ်ထဲမှာ ဘယ်လောက်တောင် ကြာနေပြီလည်း မကြာသေးဘူးလည်းဆိုတာ မသိနိုင်ဘူး။သေချာကြည့်မယ်ဆိုရင်တောင် အဲ့ဒီပလာစတာမှာ သွေးစလေးတွေတောင် တွေ့နေရသေးတယ်” ဟူ၍လည်းကောင်း

” ဒါကြီးကတကယ်ကို ရွံစရာကြီးနော်၊ အဲ့ဒီပလာစတာမှာ ကပ်နေတဲ့ သွေးတွေ ၊ အညစ်အကြေးတွေနှင့် ဘတ်တီးရီးယားတွေက စွပ်ပြုတ်ထဲမှာ စိမ့်ဝင်နေမှာ သေချာဘဲလေ” ဟူ၍လည်းကောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*