အခင်ဆုံး သူငယ်ချင်းကို ချစ်သူတော်သင့်တဲ့ အချက်(၅)ချက်

 

သူငယ်ချင်းသံယောဇဉ်ဆိုတာဟာ တကယ့်ကို ထူးခြားတန်ဖိုးရှိပါတယ်။တခါ တလေမှာ ကိုယ်ရှာနေတဲ့အချစ်က အဝေးကြီးမှာမရှိပဲ ကိုယ့်ရဲ့ အနီးအနားမှာပဲ ရှိနေနိုင်ပါတယ်။အဝေးကြီးရှာစရာ ကြည့်စရာမလိုပဲ နီးနီးလေးမှာရှိတဲ့ သံယော ဇဉ်က နှစ်ဦးနှစ်ဖက်အတွက်ပျော်စရာကောင်းတဲ့ Romantic ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပေါ်လာနိုင်ပါတယ်။သူငယ်ချင်းကို ချစ်သူတော်သင့်တဲ့အကြောင်း အရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။

(၁)ရင်းနှီးပြီးသားဖြစ်နေ

တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျ တစ်ရာရာခိုင်နှုန်းသိထား ပြီးဖြစ်တာကြောင့် တကူးတကလေ့လာနေဖို့မလိုပါဘူး။ကိုယ့်မှာ မကောင်းတဲ့ အကျင့်တွေရှိနေရင်တောင် သိထားပြီးသား လက်ခံနားလည်ပေးနိုင်ပြီးသားပါ။

(၂)အတူမျှဝေခံစားပေးနိုင်

သူငယ်ချင်းနဲ့တွဲရတဲ့စိတ်ခံစားချက်ကတော့ အရမ်းကောင်းနေမှာပါ။အရင် တည်းက အရာရာကိုအတူဝေမျှခံစားလာဖြစ်တာကြောင့် အထူးညှိနေဖို့မလို ပါဘူး။ကိုယ်ကြိုက်တဲ့ရုပ်ရှင်၊အစားအသောက် အစရှိတဲ့အရာတွေအကုန်လုံးကို သိထားပြီး လက်ခံထားပြီးသားဖြစ်တာကြောင့် အတူ Sharing လုပ်ရာမှာ တခြားတစိမ်းလူထက် အများကြီး ပိုအဆင်ပြေ လွယ် ကူမှာပါ။ဒါ့အပြင် တစ်ယောက်ရဲ့အတိတ်ကဇာတ်လမ်းတွေအကြောင်း ကိုလည်း တစ်ယောက်က သိပြီးဖြစ်တာကြောင့် အထူးဖုံးကွယ်ရှင်းပြနေဖို့ မလိုပါဘူး။

(၃)ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ တကူတကမိတ်ဆက်ပေးဖို့မလို

ဒါကလည်း သူငယ်ချင်းကို ချစ်သူတော်ရင် ရလာမယ့် အကျိုးကျေးဇူးတွေထဲက တစ်ခုပါ။တစ်ယောက်ပတ်ဝန်းကျင်ကလူတွေကို တစ်ယောက်က သိထားပြီး သားဖြစ်တာကြောင့် တကူးတက မိတ်ဆက်ပေးဖို့မလိုသလို၊သူ့ပတ်ဝန်းကျင်မှာ ကိုယ်ဝင်ဆံ့နိုင်ဖို့ ရင်းနှီးလာဖို့ကိုလည်း တကူးတကကြိုးစားစရာမလိုပါဘူး။
ါ။


(၄)ကိုယ်မကြိုက်တဲ့အရာတွေ/နာကျင်တတ်တဲ့အရာတွေသိပြီးဖြစ်နေ

ကိုယ်ဘာကိုကြိုက်တယ်၊မကြိုက်ဘူးနဲ့ဘယ်လိုအပြုအမှုတွေ ဘယ်လို အရာတွေ က ထိခိုက်နာကျင်စေသလဲဆိုတာကို သိထားပြီးဖြစ်နေ မှာပါ။ဘယ် လိုအရာေ တွက ကိုယ့်ကိုစိတ်မလုံခြုံစေမယ်၊ဝမ်းနည်းစေမယ်ဆိုတာတွေကိုလည်း တကူး တကပြောနေစရာမလိုပဲ အလိုလိုနားလည်ထားပြီးဖြစ်နေမှာပါ။

(၅)ကိုယ့်ရဲ့အဆိုးဆုံးအရာတွေကို သိပြီး/မြင်ပြီးဖြစ်နေ

အချိန်အကြာကြီးသူငယ်ချင်းဖြစ်လာခဲ့ပြီဆိုတည်းက ကိုယ့်ရဲ့အဆိုးဆုံး ပုံစံတွေ(ဥပမာ-မျက်နှာမသစ်၊မိတ်ကပ်မလိမ်းထားတဲ့ပုံ)တွေကိုမြင်ဖူးတွေ့ ဖူးပြီးဖြစ်နေမှာပါ။ဒီလိုအခြေအနေတွေကိုတောင် သိထားတွေ့ထားပြီးဖြစ် တာတောင်လက်ခံပေးနိုင်ပြီးသားလူဖြစ်တာကြောင့် အချစ်ကလဲ ပိုခိုင်မြဲနိုင်ချေ များပါတယ်။

Ref:yourtango

Be the first to comment

Leave a Reply

Your email address will not be published.


*