သမက်လောင်းတွေကို ဒုက္ခပေးလိုက်ရမှ ကျေနပ်တဲ့ သမီးချစ်အဖေများ

တခါတလေ သမီးတွေအပေါ် ဖခင်မေတ္တာဆိုသည်မှာလည်း

တစ်လောကလုံး ငါ့သမီးနဲ့ ဘယ်သူနဲ့ မတူဘူးဆိုသလို အတ္တကြီးတတ်ကြတာမျိုးပေါ့၊

အဖေတိုင်းက သမီးလေးစ မွေးလာကထဲက သမီးရူးရူးပြီး အရိပ်တကြည့်ကြည့် ချစ်ရတဲ့ သမီးလေး အချိန်တန် ကြင်ယာတွေ့တဲ့ အခါမှာတော့ သမက်လောင်းကို တနည်းနည်းနဲ့

အကောက်ကြံလိုက်ရမှ ကျေနပ်နေကြပြန်ရော။

သမီးမျက်နာမပျက်အောင် ဓာတ်ပုံအတူတွဲရိုက်ပေးနေရပေမဲ့ သူခများ မပြုံးနိုင်ရှာပါဘူး။ လွယ်ထားတဲ့ သေနတ်က ဘယ်ကို ချိန်ထားတာလဲ မသိ။

သမီးတစ်ကောင် နွားတစ်ကောင် ဆိုသလိုပဲ အိမ်မှာသမီးလေးမွေးထားလေတော့ အဖေ့ခများ သွားလေရာ စိတ်မချနိုင်ရှာပါဘူး။အဲ့တော့ အကြံကောင်းတစ်ခုရပြီး ဒီ တီရှပ်အင်္ကျီ အတင်းဝတ်ခိုင်းတော့တာပဲ။

” သမီး အသည်းကွဲနေတယ် ဖေဖေ ” လို့များ အဖေတွေကို သမီးတွေ ရင်ဖွင့်တဲ့ခါ အဖေတစ်ယောက်အနေနဲ့ ဘယ်လို ခံစားရမလဲနော်။ ဒီတော့ ကိုယ့်သမီးနဲ့ Date လုပ်မဲ့ ငနဲ့သားကို စည်းကမ်းထုတ်ထားလိုက်ပါတယ်။

သူများအိမ်ကအနှစ်တုံး အထွေးဆုံး သမီးလေးကိုမှ ချစ်မိလေတော့ ၊ ဘေးမှာ သေနတ်နှစ်လက်နဲ့ ယောက်ဖ နှစ်ယောက်ရယ်၊ ကျ့နော့ ယောက္ခမရယ်။ ကျနော် ရယ်….။

ငါ့သမီး ဘာလုပ်လုပ် ၊ ငါလိုက်လုပ်ရမှ ကျေနပ်တဲ့ ဖေကြီး တစ်ယောက် ……။

အော်….ဒါလေးက အဖေ့မေတ္တာလို့ပဲ ဆိုမလားနော်။တခါတလေ စေ့စေ့ပေါက်ပေါက် နေရာတကာ အဖေ့ကလည်း လိုက်ပြောနေတတ်တယ်နော် လို့ ဆိုပေမဲ့လည်း ကိုယ့်ကို ချစ်လွန်းလို့ ဆိုတာ ….။

သမက်ပြုံးပြုံး၊ အဖေ့ဒေါသကတော့ မောင်းချိန်နေပါပြီ။

အဖေ့ အသဲနှစ်လုံးတွေကိုမှ ထိဖို့ ကြိုးစားတဲ့ သမက်လောင်းတွေအတွက် အဖေ့တစ်ယောက်က ဒီလို သတိပေးထားတယ်။

ခေတ်ကိုက အရှိန်ပြင်းပြင်းမောင်းရင် ဟော့စ်တယ်ထင်နေတဲ့ သမီးတွေရဲ့ အကျင့်ကို အဖေ့တွေကတော့ စိတ်မချတာနဲ့ တတ်နိင်သလောက်နည်းနဲ့ တားပုံလေးက ချစ်စရာလေး။

“ဖေဖေ သမီးကို ကျောင်းမှာ ကောင်လေးတွေ သိပ်စတာပဲ” လို့ သာ အိမ်မှာ တိုင်ပြောလိုက်တာနဲ့။ အိမ်က ဖေဖေက လုပ်ချလိုက်ပြန်ပြီ။

သမီးလေးတစ်ယောက်မွေးထားပါတယ်။ ကောင်လေးအိမ်ထိ ဘောလုံးပွဲသွားကြည့်တတတ်နေပြီ ဆိုမှတော့ အဖေက ဒီလို သတိပေးရတော့တယ်။

“သမီးနောက်မှာ ဖေဖေ အမြဲတမ်းရှိတယ်” လို့ ဆိုတဲ့ ကတိလေး သမီးကို ပေးထားမှတော့ တည်ရတာပေါ့နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*