ATM စက်ထဲက ရူပီးငွေ ၁၂ သိန်းကျပ်ငွေစက္ကူတွေကို ဖျက်စီးခဲ့တဲ့ ရာဇဝတ်သား ကြွက်ကလေး

အိန္ဒိယနိုင်ငံက အာသံပြည်နယ်ဘက်က အေတီအမ်စက်တစ်ခုထဲမှာရှိတဲ့ ရူပီးငွေ ၁၂ သိန်းတန်ဖိုးရှိတဲ့ ငွေစက္ကူတွေ ဖျက်စီးခဲ့ရတယ်လို့ ဇွန်လ ၁၉ ရက်နေ့က အန်ဒီတီဗွီသတင်းမှာဖော်ပြသွားခဲ့ပါတယ်။ဒီသတင်း ဟာ ပရိသတ်တွေအတွက် အရမ်းကိုအံ့အားသင့်စေခဲ့ပြီး ငွေစက္ကူ အပျက်အစီး ဓာတ်ပုံတွေ ပျံ့နှံ့နေခဲ့ကာ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။

ငွေစက္ကူတွေကို ဖျက်စီးတဲ့ အဓိကတရားခံကတော့ ကြွက်တစ်ကောင်လက်ချက်ကြောင့်လို့ သိရပြီး ငွေစက္ကူ အပျက်အစီးတွေကြားထဲက ကြွက်သေတကောင်ကိုပါ တွေ့ရှိခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။အ ဆိုပါဖြစ်စဉ်ဟာ သက်ဆိုင်ရာဘဏ်ခွဲအပေါ် ဝေဖန်မှုတွေ ဖြစ်စေခဲ့သလို နည်းပညာပိုင်းဆိုင်ရာ လစ်ဟင်း မှုကြောင့် ဖြစ်ရတာလို့ နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

ယခုဖြစ်စဉ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သော တန်ဖိုးမှာ ရူပီး ၁၂ သိန်းကျော်ရှိခဲ့ပြီး ကြွက်ရန်မှလွတ်ခဲ့တဲ့ ငွေစက္ကူ ၁၇ သိန်းကိုသာ အကောင်းအတိုင်း ပြန်ရခဲ့တာပဲ ဖြစ်ပါတယ်။ဒီဖြစ်စဉ်ကိုရိုက်ကူးထားတဲ့ ရုပ်သံဗီဒီယိုဖိုင်တစ်ခု ဟာလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေခဲ့ပြီး ထင်မြင်ချက်အမျိုးမျိုးနဲ့ ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ဒေသခံရဲ တွေကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*