Online Exam အတွက် အင်တာနက်လိုင်းကောင်းအောင် သစ်ပင်ပေါ်မှာ 24နာရီနေခဲ့ရတဲ့ မိန်းကလေး (ရုပ်သံ)

အချို့သောကျောင်းသားတွေက online class တွေနဲ့စာသင်ကြားရတဲ့အချိန်မှာ စိတ်မပါတဲ့အပြင် ၊ အိမ်စာတွေမရှိသလိုဟန်ဆောင်ပြီး ပျင်းနေတတ်ကြပါတယ် ။ သို့ပေမဲ့လည်း ပညာရေးနဲ့ပက်သက်ပြီး တစိုက်မတ်မတ်ကြိုးစားကြတဲ့ ကျောင်းသား၊ကျောင်းသူ တွေလည်းရှိတတ်ကြပါသေးတယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Sabah ပြည်နယ်မှာနေထိုင်တဲ့ Veveonah Mosibin အမည်ရှိတဲ့ ကျောင်သူလေးဟာ သူမရဲ့ online exam ကိုပြီးဆုံးအောင် ဖြေဆိုနိုင်အောင် အင်တာနက်လိုင်းကောင်မွန်အောင် သစ်ပင်ပေါ်မှာ 24 နာရီခန့်နေခဲ့ရပါတယ် ။ Video ထဲမှာတော့ Vevenah ဟာ အင်တာနက်လိုင်းကောင်းတဲ့ တောင်ကုန်းပေါ်မှာတဲအသေးလေးဆောက်ခဲ့ပေမဲ့လည်း မိုးသည်းထန်စွာရွာသွန်းပြီး ၊ လေပြင်းတွေလည်းတိုက်ခိုက်ခဲ့တဲ့အတွက် သူမရဲ့တဲအိမ်လေးဟာ ပျက်ဆီးခဲ့ရပါတယ် ။ နောက်ဆုံးအကောင်းဆုံးနေရာအဖြစ် သူမသစ်ပင်ပေါ်မှာသာ တက်နေဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။

ထို့နောက် သူမဟာ ဖုန်းတစ်လုံး ၊ power bank တစ်ခု ၊ ရေတစ်ဘူး ၊ စားစရာအချို့ နှင့် ခြင်ထောင်တစ်ခုတို့ဖြင့် သစ်ပင်ပေါ်မှာ 24နာရီခန့်နေထိုင်ခဲ့ပြီး သူမရဲ့ online exam ကိုပြီးဆုံးအောင်ဖြေဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ပြင်းထန်လွန်းတဲ့လေ နှင့် တိရစ္ဆာန်အကောင်တွေရဲ့အသံကြောင့် သူမဟာ ညဖက်အိပ်လို့မရနိုင်ခဲ့ပါဘူး ။

သူမဟာ မနက်ခင်းရာဘာခြံမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး မိသားစုပိုင်သစ်သီးခြံမှာလည်း လုပ်ကိုင်ခဲ့ရပါသေးတယ် ။ သူမတို့ရွာဟာ လျှပ်စစ်မီးမရရှိသေးတဲ့အတွက် ညဖက်ဆို ဖယောင်းတိုင်ကိုသာအသုံးပြုခဲ့ရပြီး မိသားစုဝင်တွေဟာ ည 7နာရီဆိုရင် အိပ်စက်အနားယူကြပါပြီ ။ ခက်ခဲသောနေရာဒေသမှာ နေထိုင်နေရပေမဲ့ မညည်းညူ ဘဲ သူမဟာ ပညာရေးကိုကြိုးစားသင်ကြားနေတဲ့အတွက် အတော်လေးချီးကျူ းဖို့ထိုက်တန်လွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*