ဖုန်းအားသွင်းတာ နဲ့ ပတ်သက်လို့ လူတိုင်း လုပ်မိကြတဲ့ အမှားများ

ခုခေတ်အခါက နေ့စဉ် ဖုန်းမသုံးတဲ့သူ မရှိလောက်ဘူး လို့ထင်ပါတယ် ၊ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါ တယ် ။

ဖုန်းအားသွင်းတာ နဲ့ ပတ်ပက်လို့ လူတိုင်းလိုလို လုပ်တတ်ကြတဲ့ အမှားအယွင်းလေးတွေ ကို သတိထား ဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ် ။
ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆ နဲ့ ဓာတ်ပြုပြီး မီးလောင်ခြင်းကို ဖြစ်စေနိုင်လို့ ဖုန်းအားသွင်းပြီး တိုင်း အားသွင်းကြိုးကို ဖြုတ်ထားပါ ။


ဖုန်းအားကို ၁ ၀ ၀ ပြည့်တဲ့ အထိ သွင်းထားတာက အားကုန်ဖို့ ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့ အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ ၊ ဖုန်း အားကုန်ပြီးပိတ်သွားတဲ့ အထိသုံးခြင်း ၊ ဖုန်းအား ၁ ၀ အောက်ရောက်မှ အားသွင်းခြင်း က ဖုန်းဘက်ထရီကို လွယ်လွယ်ပျက်စေပါတယ် ။

ဖုန်းအား ၂ ၀ အောက်ရောက်တာနဲ့ အားပြန်သွင်းတာ က ဖုန်းဘက်ထရီသက်တမ်း ကို ပိုကြာရှည်စေပါတယ် ၊ ဖုန်းကိုတစ်ညလုံး အားသွင်းထားတာ က ဖုန်းဘက်ထရီ မြန်မြန်ပျက်အောင် လုပ်နေသလိုပါပဲ ။ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာ က ဘက်ထရီပေါက်ကွ ခြင်း ကိုတောင် ဖြစ်စေနိုင် လို့ လုံးဝမလုပ်သင့်ပါဘူး ။

ဖုန်းအား ၂ ၀ အထက်ရှိနေတဲ့ အခါဖုန်းအားသွင်းတာကလည်း ဖုန်းကိုမြန်မြန် ပျက်စေနိုင်ပါတယ် ၊ ၂၀အောက်ရောက်မှ ဖုန်းအားသွင်းတာ က အသင့် တော်ဆုံးပါ ။မူလ အားသွင်းကြိုး မဟုတ်ဘဲ တွေ့ကရာ အားသွင်းကြိုးတွေနဲ့သွင်းတာကလည်း လုံးဝမကောင်းပါဘူး ။

ဖုန်းကာဗာတပ် ထားရက် အားသွင်းတာက ဖုန်းကို အပူချိန်မြင့်စေတာကြောင့် အားသွင်းချိန်မှာ ကာဗာကို ဖြုတ်ထားပြီးမှ သွင်းပါ ။လက်(ပ်)တော့ ၊ ကွန်ပျူတာက နေတဆင့် ဖုန်းအားသွင်းတာက ဖုန်းကြောင်စေတာကြောင့် အဲ့ဒီလို မသွင်းသင့်ပါဘူး ။

 

 

 

zaw gyi

 

 







Be the first to comment

Leave a Reply

Your email address will not be published.


*