သူငယ်ချင်းတွေက မြှောက်ပေးလို့ လက်ထပ်လက်စွပ်ကို ငယ်ပါမှာဝတ်ကြည့်တဲ့အမျိုးသား

ယခင်ကတော့ တရုတ်နိုင်ငံမှာ ခပ်အူအူအမျိုးသားတစ်ယောက်ကို ဇနီးသည်က သူ့ကိုချစ်ရင် လက်ထပ်လက်စွပ်ကို ငယ်
ပါမှာ ဝတ်ပြရမယ်ဆိုပြီး ကြပ်ခဲ့ပါတယ်။ အဲဒါနဲ့ အဲဒီအမျိုးသားလည်း မတန်မရာ လက်ထပ်လက်စွပ်ကို ဝတ်အပြီး ချွတ်မရတော့ဘဲ ဆေးရုံကို အရေးပေါ်ပြေးပြီး ခွဲစိတ်လိုက်ရလို့ သက်သာရာ ရခဲ့ပါတယ်။

အမေရိကန်နိုင်ငံသား အခြားတစ်ယောက်ကတော့ ပုလင်းနဲ့ ဆက်ဆံမိလို့ ငယ်ပါ ချွတ်မရ ဖြစ်နေခဲ့ပါတယ်။ လေးရက်
လောက် ကိုယ့်ဘာသာကြိတ်ချွတ်ရင်း ငယ်ပါဟာ သွေးကြောတွေပိတ်စို့ပြီး လုံး၀ အလုပ်မလုပ်နိုင်တော့ဘဲ အကြောတွေ သေဆုံးကုန်ခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ အချိန်လွန်နေပြီမို့ ဖြတ်တောက်ပစ်ခဲ့ရပါတယ်။


အခု အမည်မဖော်လိုသူအမျိုးသားကတော့ တောင်အာဖရိက နယ်စပ်မှာတည်ရှိတဲ့ Limpop စီရင်စုအတွင်းက မြို့ကလေးတစ်ခုမှာ နေထိုင်တဲ့ အမျိုးသားကလည်း တရုတ်နိုင်ငံသားနဲ့ ထိုနည်းနှင်နှင်ပါဘဲ။ အကြောင်းကတော့ သူ့ သူငယ်ချင်း
တွေက လက်ထပ်လက်စွတ်ကို ငယ်ပါမှာ ဝတ်ရင် ကာမဆန္ဒကို တိုးပွားစေတယ်ဆိုပြီး ဝိုင်းဝန်းမြှောက်ပေးခဲ့ကြပါတယ်။

အဲဒီအမျိုးသားဟာ မိခင်နဲ့အတူ Van Velden Hospital ဆေးရုံကြီးကို အရေးပေါ်ပြေးခဲ့ရပါတယ်။ အကြောင်းကတော့ လက်ထပ်လက်စွပ်ကို မရမက စွပ်လိုက်တုန်းက ဘာမှမဖြစ်ပေမယ့်၊ မကြာမီမှာပဲ ငယ်ပါက ထောင်မက်လာလို့ ဒီလက်စွပ် ချွတ်ဖို့ အတော်လေးကို ခက်ခဲတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ မကြာမီမှာပဲ ငယ်ပါတစ်ခုလုံး သွေးကြောတွေ ပိတ်ဆို့ကာ အပြာရောင် သမ်းလာလို့ မိခင်နဲ့အတူ ဆေးရုံကို ပြေးခဲ့ရတာပါ။


သူ့ရဲ့ သူငယ်ချင်းတွေကလည်း ပြင်ပကနေ ကြားသိခဲ့ရတဲ့ လက်ထက်လက်စွပ်ကို ငယ်ပါမှာ ဝတ်ရင် မကြာမီမှာ လိင်ပိုင်းဆိုင်ရာ စွမ်းအားတိုးပွားစေတယ်ဆိုလို့ အကောင်အထည်ဖော်ဖို့ သူ့ကို ဝိုင်းဝန်းတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားရဲ့ ဇနီးသည်ကလည်း ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ ဒီဆေးရုံမှာ ကလေးမီးဖွားခဲ့တာလို့ သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
အသက် 28 နှစ်အရွယ် အဆိုပါ အမျိုးသားမှာ နာရီပေါင်းများစွာ ခွဲစိတ်ခန်းကို အရေးပေါ်ဝင်လိုက်ရပြီး လက်ထပ်လက်
စွတ်ကို လေဆာနဲ့ဖြတ်တောက်ကာ၊ ငယ်ပါ နဂိုကျန်းမာရေးအတိုင်း ပြန်ကောင်းဖို့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ရှင်း လင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ Van Velden Hospital ဆေးရုံကြီးမှာ သုံးရက်ကြာ တက်ရောက်ပြီး ယခုအခါမှာတော့ နဂိုအခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*