ကိုယ်သူ့ကို ရှာတွေ့ပြီဆိုတာ ပြတဲ့ လက္ခဏာ (၇)ရပ်

Relationship တစ်ခုကိုတည်ဆောက်ပြီး ခိုင်မာလာပြီဆိုရင် သူကကိုယ့်ရဲ့တစ်ယောက်သောသူ ဟုတ်မ ဟုတ် သေချာလေ့လာရမှာ မဟုတ်ဘူးလား စာဖတ်ပရိသတ်ကြီးတို့။ Relationship ထဲနှစ်မြှုပ်နေတဲ့အခါ တခါတရံမှာ အမှန်တရားကို မြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် လက္ခဏာတွေက ကိုယ့်ကိုမျက်စိပွင့် နားပွင့်စေပါတယ်။ ဒီလက္ခဏာတွေကို ကြည့်ပြီး သူကကိုယ့်အတွက် ထိုက်တန်တဲ့လူ ဟုတ်မဟုတ်ကို ကြည့်လိုက်ရအောင်။

၁။ စကားပြောဆို ဆက်ဆံပုံများ

နှစ်ယောက်သား စကားပြောကြတဲ့အခါ နှစ်ယောက်လုံးရဲ့အနာဂတ်အကြောင်းတွေ ပါဝင်တယ်ဆိုရင် သူ့ကိုတွေ့နေပြီဆိုတဲ့ လက္ခဏာတစ်ခုပါ။ “ငါတို့တွေ” ဆိုတဲ့အသုံးအနှုန်းထက် “ငါ”ဆိုတဲ့အသုံးအနှုန်းက ပိုများနေမယ်ဆိုရင် ကိုယ့်လက်တွဲဖော်က ကိုယ်နဲ့သင့်မသင့် ဆိုတာကို ပြန်သုံးသပ်ဖို့ လိုလာပြီထင်တယ်နော်။

၂။လိုက်လျောညီထွေရှိခြင်း

စုံတွဲတွေဆိုတာ စိတ်ပါဝင်စားတာတွေ အမြဲမတူညီနိုင်ပါဘူး၊ ဆန့်ကျင်ဘက်ဖြစ်နေတာ လေးတွေက ဆွဲဆောင်မှုရှိတယ်လေ။ သူကတော့ စာကြမ်းပိုးဖြစ်နေပြီး ကိုယ်ကတော့ စာဆိုရင် တစ်မျက်နှာပြည့်အောင် မဖတ်ချင်ဘူးဆိုတာနဲ့ relationship ကပျက်ဆီးသွားမှာ မဟုတ်ဘူးနော်။ တန်ဖိုးထားတာတွေ၊ ဝါသနာတွေ ကို အလိုက်သင့် လိုက်လျောညီထွေနေနိုင်ရဲ့လားဆိုတာ စဉ်းစားရပါတယ်။ တန်ဖိုးထားတာခြင်းတွေ တူညီကြရဲ့လားပေါ့။ ကိုယ့်ဝါသနာနဲ့ စိတ်ပါဝင်စားတဲ့အရာတွေကို သူက စိတ်ဝင်စားမှုရှိရဲ့လား။ ကိုယ်လုပ် တာမှန်သမျှကိုပဲ နှစ်သက်နေလား။ သူတို့က ဒီလိုမဟုတ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုလည်း လိုက်လျော ညီထွေနေနိုင်လား ဆိုတာ မေးခွန်းပြန်ထုတ်ရပါတယ်။

၃။ဦးတည်ရာလမ်းကြောင်းများ

မေးစရာမေးခွန်းတစ်ခုက ကိုယ်နဲ့သူနဲ့ လျှောက်နေတဲ့ လမ်ကြောင်းချင်းက တူညီရဲ့လား။ လူတွေဆိုတာ ပြောင်းလဲတတ်ပါတယ်။ နောက်ငါးနှစ်မှာ ကိုယ်ဘာဖြစ်မလဲဆိုတာကို ပြောဖို့ကို အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် တစ်ယောက်ရဲ့အမြင်က လွတ်လွတ်လပ်လပ် ခရီးသွားပြီး ကမ္ဘာကြီးကို ကြည့်ချင်နေပြီး တစ်ယောက်ကတော့ အိမ်ထောင်ပြု ကလေးမွေးတဲ့ဘဝကို ဦးတည်နေတယ်ဆိုရင်တော့ ဘယ်လိုမှ ဒီလူနှစ်ယောက်ရဲ့ လမ်းကြောင်း မတူညီနိုင်ပါဘူး။ ဒါဆိုရင်တော့ ရိုးရိုးသားသား ဖြေရှင်းကြတာ အကောင်းဆုံးပါပဲ။

၄။နှစ်ယောက်တည်းအချိန်နဲ့ အများရှေ့

သူ့အပြုအမူတွေက နှစ်ယောက်တည်းရှိချိန်နဲ့ အများရှေ့မှာ ကိုယ့်အပေါ် ဘယ်လိုပြုမူတတ်လဲဆိုတာ စဉ်းစားပါ။ သူဘေးမှာ ကိုယ်ရှိနေတာကို သူကဂုဏ်ယူတတ်လား။ သူ့ငယ်ချင်းတွေကို ကိုယ့်အကြောင်း ကြွားလုံးထုတ်တတ်လား။ ဒါမှမဟုတ် သူ့သူငယ်ချင်းတွေ ကိုယ့်ကိုမမြင်အောင် ရှောင်တတ်ပြီး ကိုယ့်အကြောင်းသူတို့ကို သိပ်မပြောတတ်ဘူးလား။ ဒါလေးတွေက တခါတရံ မပြောဘဲနဲ့ သိသာနေ တတ်ပါတယ်။

၅။ယုံကြည်မှု

Relationship နဲ့ပတ်သက်လာရင် ရိုးသားခြင်းကတော့ အကောင်းဆုံး ဥပဒေပါပဲ။ သူ့ကိုယုံကြည်နိုင်တယ် လို့ ခံစားရလား၊ မဟုတ်ရင်လည်း သူပြောသမျှ၊ သူလုပ်သမျှတွေအားလုံးမှာ မေးစရာတွေ များနေသလား။ အရင်တုန်းက နာကျင်ခံစားခဲ့ဖူးတာကြောင့် သူရော ကိုယ်ပါ လူတစ်ယောက်အပေါ် ယုံကြည်နိုင်တဲ့စွမ်း ရည်ကို ပြောနိုင်ပါတယ်။ သူ့အပေါ် ဘယ်လောက်သံသယများနေလဲ ဆိုတာတွေကို ရှင်းလင်းသွားစေ ပါတယ်။ ကိုယ့်အတွင်းစိတ်ကို ယုံကြည်စိတ်ချလိုက်ပါ။ ဒါပေမယ့် မက်ဆေ့ချ်ပိုက်ကွန်ကြီးထဲမှာတော့ အချိန်မကုန်မိစေပါနဲ့။ သူ့ကိုသံသယဖြစ်စရာတစ်ခုရှိတာနဲ့ ပွင့်ပွင့်လင်းလင်းမေးလိုက်ပါ။

၆။အချစ်တွေ လျော့နည်းသွားခြင်း

အချိန်တွေ ကြာလာတာနဲ့အမျှ ချစ်ခြင်းတွေက မှေးမှိန်သွားတတ်ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ပင်းပန်းငြီးငွေ့ ဖွယ်ကောင်းလာတဲ့အခါ စိတ်ဖိစီးမှုတွေများလာပြီး ကြယ်ရောင်အောက်မှာ ချစ်သူနဲ့ကြည်နူးဖို့တောင် တခါတ ရံမှာ မဖြစ်နိုင်တော့ပါဘူး။ ဒီလိုမျိုးအချိန်မှာ ကိုယ်ထားသင့်တာက ယုံကြည်စိတ်ချနိုင်တဲ့ လူတစ်ယောက်ပါ။ ကိုယ်တကယ်ကို နှစ်သက်တဲ့အပေါင်းအဖော်တစ်ယောက်ပေါ့။ အရူးအမူးချစ်မိတာကြောင့်ဖြစ်ဖြစ်၊ တစ်ဘဝလုံးစာ စဉ်းစားထားတာကြောင့်ဖြစ်ဖြစ် သေချာစဉ်းစားဖို့ လိုပါတယ်။

၇။ ပေါင်းသင်းဆက်ဆံရေး

ပေါင်းသင်းဆက်ဆံရေးဆိုတာ အချင်းချင်း ပြောဆိုဆွေးနွေးကြတဲ့ အရာတစ်ခုပါ။ ဒီလိုဆွေးနွေးတာတွေက တခါတရံ အိပ်ယာပေါ်ထိ သံသယတွေ ပါသွားစေနိုင်ပါတယ်။ သူလည်း ကိုယ့်လိုမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေ မယ့် အချင်းချင်း သေချာ ပြောဆိုဆက်ဆံခြင်းက ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ပျော်ရွှင်တဲ့ relationship တစ်ခုကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

တခါတရံ ကျွန်မတို့တွေက ကျွန်မတို့ အတွင်းစိတ်ကို မယုံကြည်နိုင်တဲ့အခါတွေ ရှိပါတယ်။ ဒီလို တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားနေရတဲ့အခါ ကိုယ့်ကိုယ်ကို ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ ပြန်မေးလိုက်ပါ။ ကိုယ့်ဘဝရဲ့လက်တွဲဖော်ကို တွေ့နေပြီဆိုတာ ပြနိုင်တဲ့ အချက်လေးတွေ ရှိပါသေးသလား။

Be the first to comment

Leave a Reply

Your email address will not be published.


*