အရပ်ပုတဲ့သူငယ်ချင်းနဲ့ အတူလာစားသောက်မယ်ဆိုရင် အသားဟင်းတွေအလကားပေးမဲ့ Hotpotဆိုင်လေး

လူတစ်ဦးနဲ့တစ်ဦး အရပ်အမောင်းနဲ့ပက်သက်ပြီး နောက်ပြောင်ကျီစယ်မှုတွေ ရပ်တန့်သွားအောင် ၊ လူတွေတိုင်းဟာ ကိုယ့်ပုံစံ ၊ ကိုယ့်အနေအထားနဲ့ ပြည့်စုံနေတဲ့သူတွေဖြစ်ကြောင်းကို ရည်ညွန်းပြချင်လို့ ယခုလိုနည်းလမ်းနဲ့ Hptpot ဆိုင်လေးဖွင့်ထားပုံရတယ်လို့ ပြောရမှာပါပဲ ။

မလေးရှားနိုင်ငံ ၊ Kuching မြို့မှာရှိတဲ့ Hptpot ဆိုင်လေးဟာ အရပ်ပုတဲ့သူငယ်ချင်းတွေနဲ့ အတူလာရောက်စားသုံးမယ်ဆိုရင် ၎င်းတို့ဆိုင်မှ 1 metre အရှည်ရှိတဲ့ အသားဗန်းကို အလကားကျွေးမွေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ သို့ပေမဲ့လည်း ယောင်္ကျားလေးမှာတော့ 165cm ထက်ပုရမှာဖြစ်ပြီး ၊ မိန်းကလေးမှာတော့ 155cm အောက်ရှိရမှာဖြစ်ကြောင်း ကန့်သတ်ထားပါသေးတယ် ။

မြို့တွင်းနေထိုင်းကြတဲ့သူများမှာတော့ ဆိုင်ပိုင်ရှင်ဟာ ယခုလိုနည်းလမ်းမျိုးနဲ့ ဆိုင်ကို အလျဉ်းသင့်သလိုpromotion လုပ်နေတာဖြစ်ကြောင်းနှင့် အမှန်တကယ်တော့ ဆိုင်မှာအတော်လေးရှုတ်ထွေးမှုတွေ ဖြစ်နိုင်ကြောင်း ဝေဖန်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း Kuching မြို့မှာရောက်ရှိနေပြီး အဆိုပါကန့်သတ်ချက်တွေနဲ့ အရည်အချင်းပြည့်မီလို့ သွားရောက်စားသောက်မည်ဆိုပါက အရင်ဆုံး Hotpot ဆိုင်ကို ဖုန်းကြိုဆက်ပြီး ကြိုတင်စာရင်းပေးထားရမှာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*