ခွေးလိုက်ဆွဲလို့ ခြံတံခါးပေါ်ထိတက်ပြေးရတဲ့ Delivery အမျိုးသားရဲ့ လူကြည့်များနေတဲ့ (ရုပ်သံ)

အခုလိုရောဂါကာလအခြေအနေတွေကြောင့် အသွားအလာကန့်သတ်မှုတွေ ဖြေလျော့ပေးလိုက်ပေမဲ့လည်း ၊ လူအများစုကတော့ အပြင်သိပ်မထွက်တော့ဘဲ Delivery များကိုသာ အားကိုးပြီး လိုအပ်တဲ့ပစ္စည်းများကို ဝယ်ယနေကြဆဲပါဘဲ ။ သို့ပေမဲ့လည်း Delivery သမားတွေဟာ ရာသီဥတုအခြေအနေ ၊ ကျန်းမာရေးအခြေအနေ တွေသာမက ခွေးတွေရဲ့ ရန်ကနေလည်း ကြောက်ရွံ့နေရတာကို ယခုဖော်ပြမဲ့ video မှာ အထင်းသားကြီးမြင်တွေ့နေရမှာပါ ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှ J&T deliveryman တစ်ဦးဟာ ပစ္စည်းသွားပို့ရင်း အဆိုပါနေအိမ်မှ ခွေးဟာ သူ၏နေအိမ်သို့သူစိမ်းဝင်ရောက်မည်ဆိုးသောကြောင့် deliveryman အား အတော်လေးကို ဟောင်းနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း deliveryman မှာ လုံးဝကိုကြောက်ရွံ့နေပုံမရပဲ အေးဆေးတည်ငြိမ်စွာ အိမ်အပြင်ဖက်တွင်ရပ်နေခဲ့ပေမဲ့ ထိုအချိန်မှာ ရုတ်တရက်လမ်းဘေးခွေးတစ်ကောင်မှာ အရှိန်ဖြင့် စိတ်ဆိုးဒေါသထွက်ကာ အဆိုပါdeliveryman ဆီသို့ ပြေး၍လှမ်းကိုက်ဖို့ ရောက်ရှိလာခဲ့ပါတော့တယ် ။

ထိုခါမှ deliveryman လည်း ကြောက်ရွံပြီး ပြေးမိပြေးရာ အိမ်ဝန်းခြံတံခါးအပေါ်ထိ တက်ပြေးခဲ့ရပါတော့တယ် ။ မကြာခင်မှာပဲ အဆိုပါနေအိမ်မှ အိမ်ရှင်ဟာ တုတ်ရှည်တစ်ချောင်းဖြင့်လမ်းဘေးခွေးကို မောင်းထုတ်ပစ်ခဲ့ရပါတော့တယ် ။ အဆိုပါအဖြစ်အပျက် video ကိုရိုက်ကူးထားတဲ့ deliveryman ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာတော့ အတော်လေးကိုအော်ဟစ်ရယ်မောနေခဲ့ပြီး video တစ်ခုလုံး သူ၏ရယ်သံကိုသာ ကြားနေရပါတော့တယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*