ဘယ်လောက်ချောမောလှပသူဖြစ်နေပါစေ လမ်းမကြီးဘေးမှာ အခုလိုဖြစ်ပျက်ခဲ့တာဆိုတော့လည်း

ဒီအဖြစ်အပျက်ကတော့ ဘယ်သူကတော့ ထင်ထားမိတဲ့အရာမျိုး မဟုတ်ခဲ့ပါဘူး ။ အဆိုပါ လမ်းမကြီးဘေးမှာ မစင်စွန့်ခဲ့ရတဲ့ မိန်းကလေးရဲ့ Video ဟာ ပြီးခဲ့တဲ့ December 27 ရက်နေ့က Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ Johor- Singapore ဆိုတဲ့ မလေးရှားနိုင်ငံ နဲ့ စင်ကာပူနိုင်ငံကိုဆက်သွယ်ထားတဲ့ လမ်းမကြီးပေါ်မှာ ဖြစ်ပျက်ခဲ့တာပါ ။

အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လမ်းမကြီးပေါ်ရှိကားတွေထဲမှာ ခရီးသွားတွေအပြည့်ရှိနေခဲ့တာပါ ။ ထို့အပြင် video ထဲမှာတွေ့ရတဲ့အတိုင်း ကောင်လေးတစ်ယောက်က အဆိုပါမိန်းကလေးရဲ့ဘေးမှာ ကာကွယ်ပေးတဲ့အနေနဲ့ထိုင်နေခဲ့ပေမဲ့လည်း မြင်ရတဲ့သူတွေကတော့ မြင်နေရဆဲပါဘဲ ။ ကောင်လေးက ကောင်မလေးရဲ့ခါးကိုကိုင်ထားပေးပြီး သူမ မစင်စွန့်နေတာကို ကူညီပေးနေခဲ့တာပါ ။

အဆိုပါ video ကို ရိုက်ယူခဲ့တဲ့ အမျိုးသားကတော့ “Oh my god ” ဆိုပြီး အတော်အံ့သြပြီး ပြောစရာစကားမရှိနိုင်အောင်ဖြစ်နေခဲ့တာပါ ။

အဆိုပါ video ဟာ Facebook စာမျက်နှာမှာတော့ ဖျတ်သိမ်းခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် သူမ မစင်စွန့်ခဲ့သောနေရာဟာ နယ်စပ်စစ်ဆေးရေးဂိတ်နဲ့ အတော်လေးကို နီးစပ်နေပြီဖြစ်ပေမဲ့လည်း သူမလုံးဝမအောင့်နိုင်တော့တာ ဖြစ်နိုင်ကြောင်း မျိုးစုံဝေဖန်ပြောဆိုခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အလန်းစားဝတ်စုံနဲ့ အတော်လှနေတဲ့ မိန်းမငယ်လေးဖြစ်ပေမဲ့လည်း ယခုလိုလမ်းမကြီးဘေးမှ ပြသာနာဖြေရှင်းလိုက်တာဆိုတော့ တွေ့မိတဲ့ ဘယ်သူမဆို သူမရဲ့အလှကို မမြင်နိုင်တော့လောက်ပါဘူး ။

Be the first to comment

Leave a Reply

Your email address will not be published.


*