အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ အမှိုက်ပုံတွေကြားထဲမှ 78 နှစ်အရွယ် အဘိုးအိုကို ရှာဖွေတွေ့ရှိခဲ့တဲ့အဖြစ်

အသက်အရွယ်ကြီးရင့်နေပြီး ကူညီဖေးမမဲ့ သားသမီးဆွေမျိုးတွေမရှိဘဲ အသက်ဆက်ရှင်နေရတဲ့ သက်ကြီးရွယ်အိုတွေ အများအပြားရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 78 နှစ်အရွယ်အဘိုးအိုကို သူ၏ဘေးပတ်ဝန်းကျင်မှ လူတွေက တစ်ပတ်ခန့်တွေ့ရှိခြင်းမျိုးမရှိတော့တာကို

သတိထားမိပြီးနောက် ရဲအရာရှိတွေကို အဘိုးအိုပျောက်ဆုံးနေကြောင်း တိုင်ကြားပေးခဲ့ပါတယ် ။ အဘိုးအိုကို အမြဲတွေ့ရှိနေကြ ပတ်ဝန်းကျင်ရှိလူတွေရဲ့ ပြောပြချက်အရ အဘိုးအိုဟာနေအိမ်ကနေထွက်ပြီး Rompin မြို့တစ်လျှောက် အမြဲလည်ပတ်သွားလာနေလေ့ရှိပေမဲ့လည်း အဘိုးအို၏နေအိမ်အတည်တကျကိုတော့ မည်သူကမှ သိရှိခြင်းမျိုးမရှိခဲ့ပါဘူး ။

ထို့ကြောင့် တာဝန်ရှိသူများက အဘိုးအို၏နေအိမ်ကို စုံစမ်းပြီး သွားရောက်ရှာဖွေခဲ့ချိန်မှာတော့ မထင်ထားလောက်အောင် အဘိုးအို၏နေအိမ်မှာ အမှိုက်များဖြင့်ပြည့်နှက်နေပြီး အမှိုက်ပုံတစ်ခုလိုဖြစ်နေခဲ့ပါတယ် ။ သတင်းအရ အဘိုးအိုဟာ အဆိုပါနေအိမ်ကို တစ်လ RM 30 ဖြင့်ငှါးရမ်းကာ နှစ်ပေါင်း 20 ခန့်နေထိုင်လာခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

နေအိမ်အတွင်းတွေ့ရှိခဲ့တဲ့ အဘိုးအို Jaafar မှာတော့ အားအင်ကုန်ခမ်းနေပုံရပြီး မတ်တပ်မရပ်နိုင်တော့ပဲ ဖြစ်နေခဲ့ပါတယ် ။ လက်ရှိမှာတော့ အဘိုးအိုကို ကုသမှုခံယူနိုင်ဖို့အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ် ။ ပတ်ဝန်ကျင်မှလူတွေရဲ့အကူအညီကြောင့် ပိုပြီးမဆိုးဝါးခင်အချိန်မှာ အဘိုးအိုကို ကူညီကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*