ဝတ်စားဆင်ယင်မှုကို ဝေဖန်တဲ့ ပရော်ဖက်ဆာကြောင့် အတန်းထဲမှာ အဝတ်အစားတွေ ချွတ်ပစ်ခဲ့တဲ့ ကျောင်းသူ

Cornell University ဟာဆိုရင် ကျောင်းသားကျောင်းသူတွေကို တကယ်အောက်ခြေခိုင်ပြီး လမ်းကောင်းတစ်ခုကို ခေါ်ဆောင်နိုင်တဲ့ အဆင့်မြင့်ပညာရေး ကို သင်ကြားတဲ့ တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာ ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးရဲ့ အပြောအဆိုဝေဖန်ခံရအောင် Cornell University ကျောင်းသူတစ်ယောက်က စိန်ခေါ်လိုက်ပါတယ်။

ဒီကိစ္စမှာတော့ ကျောင်းသားနဲ့ ပရော်ဖက်ဆာ ရဲ့ ကြား က လူမှုရေး ပြသနာတစ်ခုဖြစ်ပြီး ဆရာတစ်ယောက်အနေနဲ့ တပည့်တစ်ယောက်ကို မသက်ဆိုင်တဲ့ Personal ဆိုင်ရာမေးခွန်းမျိုးကို မေးလိုက်မိတဲ့အတွက် ကျောင်းသူဟာလည်း ဆရာကို မလေးစားတော့ပဲ မလုပ်သင့်တဲ့ အရာတစ်ခုကို လုပ်မိလိုက်တာဖြစ်ပါတယ်။

Cornell University ပညာရေးရဲ့ သင်ကြားမှု များထဲမှာမှ တစ်ခုဖြစ်တဲ့ thesis presentationဟာ ကျောင်းသားတိုင်း မဖြစ်မနေလုပ်ရပါတယ်။ကိုယ်လုပ်တဲ့ thesis တစ်ခုအောင်မြင်ဖို့အတွက် ကျောင်းသူကျောင်းသား အတန်းဖော်တွေနဲ့ တကွ ဆရာနဲ့ ပရော်ဖက်ဆာတွေက တက်ရောက်ပြီး မေးခွန်းတွေမေးလို့ အကြံပေးဆွေးနွေးကြရပါတယ်။

အသက်(၁၈) နှစ် ရှိပြီဖြစ်တဲ့ Letitia Chai ဆိုတဲ့ကျောင်းသူလေးဟာ သူမရဲ့ အလှည့်ကျ လို့ အခန်းထဲမှာ အတန်းရှေ့ထွက်လို့ presentationလုပ်နေချိန်မှာ professor ဖြစ်သူ Rebekkah Maggor က” ဒီလို အတိုအပြတ်ဝတ်အစားတွေ ဝတ်ရတာ ကြိုက်လား? ” လို့ ပုဂ္ဂိုလ်ရေးရာ ဆန်တဲ့ မေးခွန်းမျိုး မေးလိုက်တာဖြစ်ပါတယ်။

ကျောင်းသူမလေး Chai ဟာ သူ့ကို မေးလိုက်တဲ့ မေးခွန်းကို ကြားလိုက်တဲ့အခါမှာ ကြောင်အန်းအန်းဖြစ်သွားပြီး အတော်လေး စိတ်ပျက်သွားပုံရပါတယ်။ Cornell University ကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို ဘယ်လိုဝတ်ရမယ်ဆိုတဲ့ သတ်မှတ်တဲ့ ဆင်တူဝတ်စုံ ယူနီဖောင်း သတ်မှတ်ထားခြင်းမရှိသလို Chai အနေနဲ့ အပြာရောင် ဘော်တွန်အင်္ကျီနဲ့ဂျင်းစတတ်အတိုလေးကို ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။

အခန်းထဲမှာ Chai အနေနဲ့ ဒီလိုအပြောခံရတဲ့အတွက် ဒေါသထွက်သွားပုံရပြီး presentation လုပ်နေရင်းမှာပဲ သူမအပေါ်က အဝတ်တွေကို ဆွဲချွတ်ပစ်လိုက်တာဖြစ်ပါတယ်။ Chai နဲ့ ပရော်ဖက်ဆာ တို့နှစ်ယောက် အတန်းထဲမှာ ပဲ အငြင်းအခုံဖြစ်ခဲ့ပြီး Chai အမေအနေနဲ့ သမီးဖြစ်သူကို အဝတ်အစားဝတ်တာ မပြင်ဆင်ပေးဘူးလားလို့ ပြောဆိုခဲ့သည့်ထိ ဖြစ်ခဲ့ပါတယ်။အတန်းထဲမှာ အတန်းဖော် စုစုပေါင်း(၄၄) ယောက်ရှိနေခဲ့သလို သူမကို ထောက်ခံတဲ့ကျောင်းသား၊သူ တစ်ချို့ကလည်း အဝတ်အစားတွေ ချွတ်ပစ်ခဲ့ကြပါတယ်။

ပရော်ဖက်ဆာ Maggor ဟာ အရမ်းကို စည်းစနစ်ကြီးပုံရပြီး Chai နဲ့ အတန်းထဲမှာ ပြသနာ မဖြစ်ခင် အတန်းထဲက ကျောင်းသားတစ်ယောက်ကို အခန်းထဲ ဦးထုပ်မဆောင်းဖို့ ခေါ်ပြောခဲ့ပါသေးတယ်။ အဲ့ဒီအတွက် နဲ့ presentation အတန်းထဲမှာ အတိုအပြတ်ဝတ်တယ် လို့ ဝေဖန်လိုက်တဲ့ အခါမှာတော့ မဝတ်ရဘူး၊ မဝတ်သင့်ဘူးဆိုရင် ချွတ်ပစ်မယ်ဆိုတဲ့ စိတ်နဲ့လုပ်လိုက်တာဖြစ်ပါတယ်။ Chai အနေနဲ့ ဒီအကြောင်းအရာကို

Facebook ပေါ်တင်ခဲ့ပြီးနောက် သူမဘက်က ထောက်ခံသူ အများအပြားရှိနေသလို ပရော်ဖက်ဆာ Maggor အနေနဲ့ လည်း သူမဟာ ကျောင်းသားတွေကို ဘာဝတ်ရမယ်လို့ မသတ်မှတ်ပေမဲ့လည်း သင့်တော်တဲ့ အဝတ်အစားမျိုး ဝတ်စေချင်တာကြောင့် ပြောလိုက်တာဖြစ်တယ် လို့ ဆိုလိုက်ပါတယ်။ သို့သော်လည်း ပရော်ဖက်ဆာ Maggor ဟာ အတန်းဖော်အလည်မှာ အများတူငှာ အတိုဝတ်ကြတဲ့ ကျောင်းသူတွေထဲကမှ Chai တစ်ယောက်ထဲ ကို တခြားယောကျ်ားတွေကို ဆွဲဆောင်ချင်တဲ့ စိတ်နဲ့ ဝတ်တာလား လို့ ဆိုလိုတဲ့ အမေးပုံစံ သက်ရောက်သွားတဲ့ အတွက် ဒီလိုပြသနာ ဖြစ်သွားရတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*