ပေါင်(၁၄)သန်း ထီပေါက်ခဲ့ပေမယ့် နှစ်ရက်အကြာမှာရေပိုက်ပြင်တဲ့အလုပ်ကို ဆက်လုပ်နေတဲ့သူ

ပေါင် (၁၄)သန်းဆိုတဲ့ ငွေကြေးပမာဏဟာ အကောင်းစား အိမ်တစ်လုံးနဲ့ ဇိမ်ခံအသုံးဆောင်ပစ္စည်း အပြည့်အစုံနဲ့၊ မိသားစု ငါးဆက်လောက် ငြိမ်းငြိမ်းချမ်းချမ်း ထိုင်ပြီးစားသောက်နိုင်တဲ့ ငွေပမာဏဖြစ်ပါတယ်။ ဒါပေမယ့် John Doherty အမည်ရတဲ့ အသက် 52 နှစ်အရွယ် John Doherty အမည်ရ အမျိုးသားကြီးကတော့ ထီဆုကြီး 14 သန်း ပေါက်တာတောင်မှနှစ်ရက်အကြာမှာ သူရဲ့ သမ္မာရိုးကျ အလုပ်ကို ဆက်ပြီးဆင်းနေခဲ့ပါတယ်။

John ရဲ့ ဇနီးကတော့ Allison ဖြစ်ပြီး အသက် 50 ရှိပါပြီ။ ၎င်းတို့ဟာ ဇူလိုင် 2 ရက်နေ့မှာ ထီပေါက်ခဲ့ကြပါတယ်။ ၎င်းလင်မယား ရရှိခဲ့တဲ့ ထီဆုငွေ အတိအကျကတော့ အခွန်ဆောင်ပြီး 14,671,343 ပေါင် ကျန်ရှိပါတယ်။ ထီပေါက်တဲ့နေ့နောက်ရက်မှာ ကလေးတွေနဲ့ အလည်အပတ်ခရီးတစ်ခု ထွက်ခဲ့တာကလွဲလို့ လက်ငုပ်လက်ရင်းအလုပ်ကို ပြန်လည် လုပ်ကိုင်ခဲ့ပါတယ်။John တို့ မိသားစုဟာ စကော့တလန်နိုင်ငံ Elderslie, Renfrewshire မှာ နေထိုင်ကြပါတယ်။ အလုပ်လာဆင်းတဲ့သူကို တစ်စုံတစ်ယောက်က အံ့သြပြီး အနားမယူတော့ဘူးလား မေးတော့ သူက ” မနားပါဘူး … အလုပ် ဆက်လုပ်ရမှာပေါ့ … ထီပေါက်တာက အပြောင်းအလဲတစ်ခု မဟုတ်ပါဘူး … ကျနော် လုပ်ချင်တာကိုတော့ လုပ်နေမှာပါ “လို့ ပြောခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး ” ကိုယ် ဝါသနာပါတဲ့ အရာ လုပ်နေရရင် လူတိုင်း ပျော်နေမှာပါ …ကျနော်လည်း ဒီလိုပါဘဲ … ကျနော်က ထီမပေါက်ခင်ကလည်း ဒီအတိုင်း ခံယူထားတာပါ … ကျနော်တို့ မိသားစုဟာ ဒီလုပ်ငန်းလေးကြောင့် ရပ်တည်နိုင်ခဲ့တာ … ကျနော်က ဘာလို့ စွန့်လွှတ်ရမှာလဲ “ဆိုပြီး ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*