နာမည်အရင်း က ဆာဒမ်ဟူစိန်ဖြစ်နေလို့ အလုပ်ရ ဖို့ခက်နေရ သူ

ဆာဒမ်ဟူစိန် လို့ အမည် ရတဲ့ အိန္ဒိယနိုင်ငံ သား ရေကြောင်း အင်ဂျင်နီယာ တစ်ယောက်ဟာ အီရတ်နိုင်ငံရဲ့အာဏရှင် ဆာဒမ်ဟူစိန်ရဲ့နာမည်နဲ့ လုံးဝကြီးကို သွားတူနေတာကြောင့် လုပ်ငန်းနယ်ပယ် အတွင်းမှာ အလုပ် ရဖို့ ခက်ခဲနေလျက် ရှိပါတယ်။

ဒီလို အလုပ်ရဖို့ခက်ခဲအောင် ပြုလုပ်နေတဲ့ နာမည်ကို ဆာဒမ်ဟူစိန်ရဲ့အဘွားဖြစ်သူက ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။ ဆာဒမ်ဟူစိန်ကိုယ်တိုင်ကလည်း သူရဲ့နာမည်က တစ်နေ့မှာ သူ့ကိုဒုက္ခကောင်းကောင်းပေးလိမ့်မယ်လို့ ဘယ်လိုမှကို မထင်ထားခဲ့ပါဘူး။ ၂၀၁၄ခုနှစ်တည်းက အင်ဂျင်နီယာဘွဲ့ရလာခဲ့သူ ဆာဒမ်ဟူစိန်ဟာ သူနဲ့အတူတူ ဘွဲ့ရခဲ့ကြတဲ့ သူငယ်ချင်းတွေက ကမ္ဘာနေရာအနှံမှာ အလုပ်ကိုယ်စီ ရနေကြပေမယ့် သူမှာတော့ သဘောၤကုမ္မဏီပေါင်း လေးဆယ်ကျော်လောက်မှာ အလုပ်ဝင်လျှောက်ခဲ့သမျှ အကုန်ပယ်ချခံခဲ့ရပါတယ်။


ခြောက်လ နီးပါးလောက် အလုပ်လျှောက် လို့ အဆင် မပြေတဲ့အခါမှာတော့ ဆာဒမ်ဟူစိန်ဟာ သူ့ကိုဘာကြောင့် အလုပ်မခန့်ကြတာလဲဆိုတာကို သိရှိုဖို့ အတွက် ကုမ္မဏီတွေရဲ့ HR ဌာနတွေကို ဖုန်းဆက်မေးမြန်းခဲ့ပါတယ်။ ထိုအခါကြမှာသာ သူအလုပ်မရခြင်းက သူရဲ့ဆာဒမ်ဟူစိန်ဆိုတဲ့ နာမည်ကြောင့်ဖြစ်မှန်း သိလိုက်ရပြီး ဒီနာမည်ကြောင့် ဘယ်ကုမ္မဏီကမှ သူ့ကိုအလုပ်မခန့်ရဲခဲ့တာကိုလည်း သိရှိလိုက်ရပါတယ်။ တကယ်တော့ ရေကြောင်း အင်ဂျင်နီယာလေးရဲ့နာမည်ဟာ Saddam Hussain သာဖြစ်ပြီး အီရတ် အာဏရှင်ကြီးရဲ့နာမည်က Saddam Hussein ဖြစ်ပါတယ်။ ဒီလိုစာလုံးပေါင်း ကွာခြားနေပေမယ့် အသံထွက် က တူညီနေ တာကြောင့် သူ့ကိုအလုပ်ခန့်တဲ့ ကုမ္မဏီကနေ အခြားနိုင်ငံတစ်ခုခုဆီ အလုပ်ကိစ္စနဲ့ သွားရောက်ခိုင်းတဲ့အခါမျိုးမှာ ကုမ္မဏီအတွက် မလိုလားအပ်တဲ့ပြသာနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် ဆာဒမ်ဟူစိန်ဟာ သူရဲ့နာမည်ကို Sajid လို့ ဥပေဒအရ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့် ဒီလိုနာမည်ပြောင်းလိုက်ခြင်းက သူ့အတွက် ပိုလိ့ုတောင်ဆိုးသွားခဲ့ပါတယ်။ အကြောင်းကတော့ ဆာဒမ်ဟူစိန်ဟာ နာမည်သစ် Sajid နဲ့ ကားမောင်းလိုင်စင်တွေ ၊ ပတ်စ်ပို့တွေ ၊ မဲပေးခွင့်တွေ ပြုလုပ်ခဲ့ပေမယ့် သူရဲ့ပညာအရည်အချင်းလက်မှတ်ကတော့ အရင်နာမည် ဆာဒမ်ဟူစိန် နဲ့ ဖြစ်လို့နေပါတယ်။ ဒါကြောင့် ကုမ္မဏီ များ က သူ့ကိုအလုပ်လက်ခံ ဖို့ ပိုမိုတွန့်ဆုတ်သွားကြပါ တယ်။ နာမည် တစ်ခုရဲ့ဂြိုလ်မွှေ မှု ကို ခံနေရတဲ့ ဆာဒမ်ဟူစိန်ဟာ အမှတ်မြင့်မားတဲ့ ရေကြောင်းအင်ဂျင်နီယာဘွဲ့ ကို ရခဲ့တာတောင်မှ နှစ်နှစ်ကျော် အထိ အလုပ်လက်မဲ့ဘဝနဲ့သာ ဆက်လက်နေထိုင်ရတုန်းပဲဖြစ်ပါတယ်ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*