အတိတ်ကံမကောင်းလို့တိရစ္ဆာန်ဖြစ်နေရပေမဲ့ အသိညဏ်ကျယ်တဲ့ ပန်းချီပညာရှင် ဆင်မလေး

ဆင်တွေဟာ တိရစ္ဆာန်တွေထဲမှာ ညဏ်အကောင်းဆုံးသတ္တဝါဖြစ်သလို လူတွေထက်တောင် မှတ်ညဏ်ကောင်းပါတယ်။ ဆန်းသစ်တဲ့ စိတ်ကူးညဏ်တွေ ရှိပြီး လူတွေကဲ့သို့ အိပ်တယ်၊ ဝမ်းနည်းတတ်တယ်၊ ပျော်တတ် ပါတယ်။ မိမိကို အန္တာရာယ်ပြုမဲ့သူ လား၊ လူကောင်းလား လူဆိုလာဆိုတာ ခွဲခြားတတ်သလို လူတွေကိုလည်း တခါတလေမှာ အန္တာရာယ်ပြုတတ်ပါတယ်။

တိရိစ္ဆာန်တွေမှာ ဆင်နဲ့ခွေးတွေဟာအာရုံစူးစိုက်မှု အကောင်းဆုံးဖြစ်ပါတယ်။ ဆင်တွေဟာ ရေကူးရတာ နှစ်သက်ပြီး ပျားတွေကို တော့ ကြောက်ကြပါတယ်။အကောင်ကြီးပြီး အသည်းငယ်တဲ့ သတ္တဝါတွေ ဖြစ်သလို ပျားတွေရဲ့ အသံကြားရင် သူတို့ ပြေးနိုင်သလောက် ပြေးကြပါတယ်။

ထိုင်းနိုင်ငံရဲ့ national Animal ကတော့ဆင်တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ ဆင်အရေအတွက်ပေါင်း(၂၀၀၀) ကျော်ရှိပါတယ်။ ဆင်အရေအတွက်(၆၀%) လောက်က တောက ဖမ်းလာတဲ့ ဆင်တွေဖြစ်သလို ခရီးသွားလုပ်ငန်းတွေမှာ ကမ္ဘာလှည့် ခရီးသည်တွေကိုဆွဲဆောင်ဖို့ အသုံးပြုကြပါတယ်။ Bangkok Safari World နဲ့ ချင်းမိုင်ဆင်စခန်းတို့လို နေရာမျိုးတွေဟာ ကမ္ဘာလှည့်ခရီးတွေ လည်ပတ်မှု အများဆုံးနဲ့ ထိုင်းနိုင်ငံရဲ့ လည်ပတ်စရာတွေထဲက လူကြိုက်အများဆုံး တစ်ခုဖြစ်ပါတယ်။

ထိုင်း-မြန်မာ-လာအိုနယ်စပ် ချင်းမိုင်ဆင်စခန်းက Sudaဆိုတဲ့ ဆင်မလေးဟာ အရမ်းကို ပညာသားပါတဲ့ ပန်းချီပညာရှင်လေးပါ။ 2004 ခုနှစ်မှာ မွေးဖွားခဲ့ပြီး ပန်းချီဆွဲတာ လေးနှစ်လောက်ရှိပါပြီ။သူမဆွဲတဲ့ ပန်းချီတွေဟာ သာမာန်လူတစ်ယောက်တောင်မဆွဲနိုင်တဲ့ ကောက်ကြောင်းနဲ့ အရောင်စပ်ပုံလေးတွေက အစ တကယ်ကိုပညာရှင် အဆင့်ဖြစ်ပါတယ်။ သူမ ဆွဲတဲ့ ပန်းချီကားတွေကို ဒေါ်လာ(၄၀၀-၇၀၀)ကြားထိ Websites ကနေ တရားဝင် ရောင်းချပါတယ်။

ဆင်တစ်ကောင်ရဲ့ အသက်ရှင်နေထိုင်နိုင်တဲ့ သက်တမ်းဟာ နှစ်ပေါင်း(၅၀-၇၀)ကြားမှာ ရှိပါတယ်။ အုပ်စုဖွဲ့ မိသားစုတွေနဲ့နေထိုင်ရတာကြိုက်နှစ်သက်ပြီး တစ်နေ့ တစ်ရက်ထဲမှာ မရပ်မနားပဲ မိုင်ပေါင်း(၄၀)လောက်ကို ခရီးဆက်နိုင်ပါတယ်တဲ့။ ဆင်တွေရဲ့ ကြီးမားတဲ့နားရွက်တွေဟာည အခြားဆင်တစ်ကောင်ရဲ့ ကျည်ခနဲ့ အော်သံလိုမျိုးကို (၅)မိုင် အကွာလောက်ကနေတောင် ကြားနိုင်ပါတယ်။ ဆင်တွေဟာ မခုန်နိုင်သလို အမြင့်လည်း မတက်နိုင်ပါဘူး။ ဆင်တစ်ကောင် အန္တာရာယ်ပြုနိုင်တဲ့ အနေအထားရှိရင် အမြင့်တက်ပြေးပါ၊ သို့ပေမဲ့ ဆင်တွေဟာ သစ်ပင်တစ်ပင်ကို အသာလေး ဖျက်စီးနိုင်တာကိုတော့ မမေ့ပါနဲ့။

နောက်ထပ်ဆင်တွေရဲ့ လူသိနည်းတဲ့ ထူးခြားချက်က အာဖရိကဆင်တွေနဲ့ အာရှဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ (၂၁ပတ်- ၂၂ ပတ်) ထိကြာတတ်ပါတယ်။အရွယ်ရောက်ပြီး ဆင်တစ်ကောင်ရဲ့ အလေးချိန်ဟာ (၃) ကီလိုဂရမ်ေလောက်ပဲ ရှိပြီး ပင်လယ်ဝေလငါးတစ်ကောင်ရဲ့ လျှာလောက်တောင်အလေးချိန်မရှိပါဘူး။ ။

ဆင်တွေ စိတ်မပျော်တဲ့အခါ အခြားအဖော်ဆင်တွေနဲ့ ထိတွေ့ပွတ်သပ်ပြီးနေရတာကြိုက်ပါတယ်တဲ့။ ဆင်တွေဟာ လည်း နေလောင်ဒဏ်ကိုခံစားတတ်သလို အချင်းချင်း နုတ်ပြောနဲ့ လည်း စကားပြောဆိုသလို ကိုယ်ဟန်လက်ဟန်နဲ့ လည်း ဆက်သွယ်ပြောဆိုနိုင်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*