စပါးကြီးမြွေကြီးနဲ့ ဆယ်လ်ဖီဆွဲရာမှ သေမင်းထံလက်တစ်ကမ်းအလိုရောက်ခဲ့ရတဲ့ အမျိုးသား

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးကတော့ ဆဲလ်ဖီဓာတ်ပုံအရိုက်ကောင်းတာကြောင့် သေမင်းဆီအလည်သွားရ မလိုဖြစ်ခဲ့ရပါတယ်။ဒီဖြစ်စဉ်လေးကတော့ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ်ပြည်နယ်၊ ဆာဟက်ဘရီကျေးရွာ မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုပဲ ဖြစ်ပါတယ်။သစ်တောဝန်ထမ်းတစ်ဦးဟာ စပါးကြီးမြွေတကောင်ဖမ်းဆီးရမိ ခဲ့ပြီး အဆိုပါ မြွေနဲ့ ဆဲလ်ဖီဓာတ်ပုံရိုက်ခဲ့ရာမှ မြွေကြီးက အမျိုးသားရဲ့ လည်ပင်း၌ရစ်ပတ်ပြီး လည်ပင်းညှစ်ကာ ရန်ပြုဖို့ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါမြွေကြီးဟာ အရှည် (၁၈)ပေအထိရှိပြီး ရွှာထဲက ဆိတ်တစ်ကောင်ကို မြိုနေခဲ့တာကြောင့် မြေကြီးကို လာရောက်ဖမ်းဆီးရန် ရွှာသားများက သစ်တောဝန်ထမ်းကို အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဆန်ဂျေးဒူ တာ အမည်ရှိတဲ့ အဲ့ဒီသစ်တောဝန်ထမ်းအမျိုးသားဟာ ဆိတ်ကို ကယ်တင်ခဲ့ပြီးနောက်မှာတော့ မြွေကြီးကို လည်ပင်းမှာပတ်ကာ ချီးကျူးအံ့သြနေကြတဲ့ ရွှာသားများနဲ့ အတူ ဓာတ်ပုံရိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ဆယ်ဖီဓာတ် ပုံရိုက်ကူးနေချိန်မှာပဲ မြွေကြီးဟာ သူရဲ့လည်ပင်းကို ညှစ်ဖို့ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ဆန်ဂျေးဒူတာ ဟာ လည်ပင်းညှစ်ထားတဲ့မြွေကြီးရဲ့ ထံမှ လွတ်မြောက်ဖို့ တော်တော်ကို ခက်ခက်ခဲခဲနဲ့ ကြိုးစား ရုန်းထွက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ရွှာသားတွေအားလုံးလည်း အထိတ်လန့်ဖြစ်သွားခဲ့ကြရပါတယ်။အဆိုပါ အမျိုးသားရဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုစာမျက်နှာတွေမှာ ပျံနှံ့ခဲ့ပြီး မှတ်ချက်မျိုးစုံပေးခြင်းခံနေရတာပဲ ဖြစ်ပါတယ်။နောက်ဆုံးမှာတော့ မြွေကြီးကိုဖမ်းဆီးကာ တောထဲကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*