လက်ထပ်ခွင့်တောင်းနေတဲ့ စုံတွဲကြားကိုမှ၊ စက်ဘီးနဲ့ ဖြတ်စီးသွားတဲ့ အမျိုးသားရဲ. နောက်ဆက်တွဲ

လက်ထပ်ခွင့်တောင်းနေတဲ့ စုံတွဲကြားကိုမှ၊ စက်ဘီးနဲ့ ဖြတ်စီးသွားတဲ့ အမျိုးသား

စက်ဘီးစီး အမျိုးသားတစ်ဦးဟာ လက်ထပ်ခွင့်တောင်းနေတဲ့ စုံတွဲတစ်တွဲရဲ့ကြားကိုမှ မရမက ကပ်ကပ်သပ်သပ် စက်ဘီးနဲ့ ဖြတ်ပြီး စီးသွားခဲ့ပါတယ်။ တကယ်တော့ သမီးရည်းစားတွေအတွက် လက်ထပ်ခွင့်တောင်းတဲ့ အချိန်လေးဟာ ဘဝမှာ အကြီးမားဆုံး အမှတ်တရ အချိန်ပါ။

ဒါကို မိနစ်ပိုင်းလောက်လေးပင် မစောင့်နိုင်ဘဲ၊ အဲဒီအမျိုးသားက အလျှင်လိုစွာ ကြားထဲကနေ ကပ်သပ်ပြီး စက်ဘီးနဲ့ ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ အများအားဖြင့်တော့ ဒီမိုကရေစီရင့်သန်နေတဲ့ နိုင်ငံကြီးတွေမှာ တစ်ဦးချင်းရဲ့ ဆန္ဒနဲ့ပျော်ရွှင်မှုတွေကိုလည်း လေးစား လိုက်နာကြပါတယ်။

ဥပမာအားဖြင့် တစ်စုံတစ်ယောက် ဓာတ်ပုံရိုက်နေစဉ် မြင်ကွင်းထဲမှာ မတော်တဆ ကိုယ်က ရှိနေပါက နေရာကနေ ချက်ချင်းဖယ်ပေးတာတို့ဟာ မြင်နေကျ အဖြစ်အပျက်လေးတွေပါ။ အခုလို လူနှစ်ယောက်အတွက် ကြီးမြတ်လှတဲ့ တဒင်္ဂလေးမှာ မြင်သူတိုင်း ဖျက်လိုဖျက်စီး လုပ်မှာမဟုတ်ပါဘူး။

ဒါပေမယ့် နေရာတိုင်း၊ လူတိုင်းမှာ အခြေခံ အတ္တချင်း မတူညီတဲ့အတွက် လက်ခံကျင့်သုံတဲ့ ယဉ်ကျေးမှုတွေကလည်း ခြွင်းချက်တွေအနေနဲ့ ရှိနေမှာ ဖြစ်ပါတယ်။ အခုအဖြစ်အပျက်မှာ ကာယကံရှင်တွေကတော့ Blake Martin (၂၅)နှစ်နဲ့ ချစ်သူ Shannon Keene (၂၄)နှစ်တို့ပါ။

Martin ဟာ ဓာတ်ပုံဆရာတစ်ဦးကို သူတို့ရဲ့ ပျော်စရာအခိုက်အတန့်လေး မှတ်တမ်းတင်ဖို့ ငှားရမ်းခဲ့ပေမယ့် ဒီစက်ဘီးဖြတ်စီးသွားတဲ့လူကြောင့် အနှောက်အယှက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အကောင်းမြင်တဲ့ Martin ကတော့ ” ဒါလည်း အမှတ်တရပေါ့ဗျာ “လို့ ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*