ချစ်သူကို Bubble Tea တစ်ခွက်နဲ့ ရင်ခုန်အောင်လုပ်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား

တစ်ချို့သောမိန်းကလေးတွေက ခမ်းနားကြီးကျယ်တာထက် ၊ သူတို့ကြိုက်နှစ်သက်တဲ့အရာလေးတွေနဲ့ အလိုက်တသိလေး လုပ်ပေးနေတာကိုပဲ လိုလားတောင်းတလေ့ရှိပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ စုံတွဲလေးရဲ့ လက်ထပ်ခွင့်တောင်းတဲ့ပုံစံလေးကလည်း အတော်လေးကိုချစ်ဖို့ကောင်းလွန်းလှပါတယ် ။

မကြာသေးခင်င facebook စာမျက်နှာတစ်ခုမှာ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူ လက်ထပ်ခွင့်တောင်းခဲ့တဲ့ပုံစံကို ဝေမျှပေးခဲ့ပါတယ် ။ Post တစ်ခုမှာတော့ သူမကြိုက်နှစ်သက်တဲ့ Bubble Tea ဘူးထဲသို့စိုက်ကြည့်လိုက်ချိန်မှာတော့ ဘူးရဲ့အောက်ဖက်မှာ “Marry Me” ဆိုပြီး ကပ်ထားတဲ့စာလေးကို တွေ့ရှိရမှာပါ ။

နောက်ထပ် ဓာတ်ပုံတစ်ခုမှာတော့ သူမရဲ့ချစ်သူဟာ ဒူးထောက်ထားပြီး လက်ထဲတွင့်လက်ထပ်လက်စွပ်ဘူး နှင့် သူမကြိုက်နှစ်သက်တဲ့ Bubble Tea လေးကို ကိုင်ဆောင်ထားကာ သူမထံလက်ထပ်ခွင့်တောင်းဆိုနေခဲ့တာပါ ။

ထို့အပြင်သူမက အဆိုပါဓာတ်ပုံလေးတွေကို ” ကျွန်မရဲ့ ဘဝလက်တွဲဖော်က ကျွန်မအရမ်းကြိုက်တဲ့ Bubble Tea လေးနဲ့ ဒီတစ်ပတ်အတွင်းမှာပဲ ကျွန်မကို propose လုပ်ခဲ့တယ် ” ဆိုတဲ့ စာသားလေးနဲ့ သူမတို့စုံတွဲရဲ့ချစ်ဖို့ကောင်းတဲ့ အချိန်ကာလအမှတ်တရလေးကို facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*