မနာလိုမှန်းသိသာ သွားစေတဲ့ ဟာသပုံတချို့

“Other Gress always grean other side” ဆိုတဲ့ စကားလိုပဲ ကိုယ့်မြက်ခင်းထက် သူများဘက်က မြက်ခင်းက ပိုစိမ်းနေတတ်တယ် ။သဘောတရားကတော့ လူတိုင်းက မိမိမှာ ရှိတဲ့ ပိုင်ဆိုင်တဲ့ အရာတွေထက် သူတပါးလက်ထဲမျာ ရှိနေတဲ့ အရာက ပိုကောင်းတယ် ထင်ကြသတဲ့။ မိမိမှာ ရှိတဲ့ အရာတွေကို အကောင်းဆုံးဆိုပြီး ကျေနပ်တဲ့ လူတွေလည်း ရှိသလို တခါတလေကျတော့လည်း သူများပိုင်ဆိုင်တဲ့ အရာကိုမှ လိုချင်တဲ့ အခါ မနာလိုစိတ်လေးတွေ ဖြစ်လာရော။ မတော်တဆ ဆိုပေမဲ့ မနာလိုနေတာ သက်သေပြနေတဲ့ ဟာသပုံ့လေးတွေကို ပရိသတ်တွေ ရယ်မောလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

မတော်တဆ FA တွေချည်းစုနေတဲ့ ကမ်းခြေမှာ ဟန်းနီးမွန်း ထွက်လာတဲ့ စုံတွဲ တစ်တွဲ ရောက်လာသောအခါ အကြည့်တွေက သေလို့ရတယ်နော်။ ဒီစုံတွဲကတော့နာတော့မယ်။

ဒီတခါတော့ ကိုယ်လိုတာပေါ့နော်။ မိန်းကလေးတွေ ခွေးချစ်တတ်မှန်းသိရင် အိမ်က ခွေးလေး ခေါ်လာရမှာ။ ခက်တာက မိန်းကလေးတွေက ပါပီခွေးလေးထက် လူကို ပို အကြည့်တွေ ပို စူးရှနေတယ်။

အမက ဘာဂါ စားနေတယ် ကိုယ်ကဖြင့်ဝါးဖို့ သွားတောင် စုံအောင်မပေါက်သေးဘူး။ အရသာရှိမှန်းသိနေတော့လည်း သူစားနေတာလေးကိုပဲ ကြည့်ပြီး မျှော်မိနေတာပေါ့။

သြော် ဒီဘဝမှာ မိန်းမလာဖြစ်တာချင်း အတူတူ သူက ကိုယ့်ထက် ပိုကိတ်နေတော့လည်း စိတ်ထဲမှာ နေရထိုင်ရခက်တယ်။

သူငယ်ချင်းက မင်းမပါရင်မပျော်ဘူး ဟုခေါ်ပြီး ချိန်းသော်လည်း ကိုယ့်မှာ စော်မရှိသောအခါ..။ အားငယ်နေတာလား ၊ ပေါက်ကွဲနေတာလား။

တခါတလေ ကျသော်လည်း ကိုယ့်ရွေးချယ်မှုနဲ့ ရွေးပြီးမျ သူများဆီက ဟာလေးက ပိုကောင်းတယ်၊ ပိုချိုတယ် ထင်နေပြန်ရော..။

ဒီနေ့တော့ အိမ်ကနေ Push upကောင်းကောင်း မဝတ်လာခဲ့မိတာ သွားပြီလို့ တွေးမိနေပြီလား…။

ဓာတ်ပုံရိုက်တာတောင် ရှေ့မကြည့်နိုင်တော့လောက်အောင် မိန်းမချင်း မနာလိုသွားစေတဲ့ အချက်က…..။

Be the first to comment

Leave a Reply

Your email address will not be published.


*