TikTok video ကနေ 2နှစ်နီးပါးပျောက်ဆုံးနေပြီး ဒုက္ခဆင်းရဲရောက်နေတဲ့ဖခင်ကို ပြန်ရှာတွေ့နိုင်ခဲ့တဲ့အဖြစ်

TikTok ဟာ ယခုလက်ရှိ social media အသုံးပြုသူ အကြားအတော်လေးကိုရေပန်းစားနေပြီး ၊ လူတန်းစားမရွေးဆော့ကစားနေကြတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်မှာတော့ အဆိုပါ TikTok video လေးကြောင့် ကွဲကွာနေကြတဲ့ မိသားစုဝင်တွေပြန်လည်ဆုံဆည်းနိုင်ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ 2018 ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ ၊ Telengana ပြည်နယ်မှာနေထိုင်တဲ့ R Venkateshwarlu အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ

အခြားရွာတစ်ခုဆီသို့ အလုပ်ရှာဖို့ ကုန်တင်ကားတစ်စီးနောက်လိုက်ပါသွားရင်ကနေ လုံးဝကိုအိမ်မပြန်လာခဲ့တော့ပဲ ပျောက်ဆုံးသွားခဲ့ပါတယ် ။ ထို့ကြောင့် သူ၏မိသားစုဝင်များက နေရာအနှံလိုက်ရှာခဲ့ပေမဲ့လည်း သတင်းအစအနတောင်မရရှိခဲ့ပါဘူး ။ 2နှစ်ခန့်အချိန်ကြာမြင့်ခဲ့ချိန်မှာတော့ TikTok video တစ်ခုကနေ R Venkateshwarlu ပါဝင်နေခဲ့တာကို သူ၏သူငယ်ချင်းဖြစ်သူမှ တွေ့ရှိသွားခဲ့ပြီးနောက် သူ၏မိသားစုဝင်တွေကို အကြောင်းကြားခဲ့သောကြောင့် အဆိုပါအမျိုးသား၏သားဖြစ်သူ R Peddiraju မှ တာဝန်ရှိသူများနှင့်အတူ ဖခင်ဖြစ်သူကို ရှာဖွေဖို့ထွက်လာခဲ့ပါတော့တယ် ။

အဆိုပါ TikTok video ကိုတော့ ပြီးခဲ့တဲ့ May 14 ရက်နေ့က Ajaib Singh အမည်ရှိတဲ့ ရဲအရာရှိတစ်ဦးက အစားအသောက်ဝေမျှပေးတဲ့အလှူအတန်းပြုလုပ်ရင်းနဲ့ ရိုက်ယူခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ R Venkateshwarlu ဟာ လမ်းလျှောက်ဖို့ လေဖက်ထောက်အတိုင်ကိုအကူအညီယူနေခဲ့ရပြီးနောက် အစားအသောက်တောင်းခံနေခဲ့တာပါ။ ထိုအပြင် လှူတန်းသူတွေက မေးခွန်းမေးမြန်းခဲ့ချိန်မှာတော့ နားမကြားသည့်အပြင် ၊ စကားပါမပြောဆိုနိုင်ကြောင်း လက်အမူအရာဖြင့်ရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် ရဲအရာရှိများက R Venkateshwarlu ၏မိသားစုဝင်များကို Lockdown ဖြေလျော့ပေးတဲ့အချိန်ထိ စောင့်ဆိုင်းပေးဖို့ ပြောဆိုခဲ့တဲ့အပြင် ယခုလိုဖခင်ဖြစ်သူ ဒုက္ခရောက်နေတဲ့အဖြစ်ကိုမြင်တွေ့နေရလို့ မခံစားနိုင်အောင်ဖြစ်နေကြမည့်အခြေအနေကိုလည်း နားလည်ကြောင်းရှင်းပြခဲ့ပါတယ် ။ ယခုချိန်မှာတော့ ဖခင်ဖြစ်သူ R Venkateshwarlu ဟာ သူ၏သားဖြစ်သူနှင့်အတူ နေရပ်ဖြစ်တဲ့ရွာဆီသို့ ပြန်ရောက်နိုင်ခဲ့ပါပြီ ။

သားဖြစ်သူရဲ့ပြောပြချက်အရ ” ကျွန်တော့်အဖေက အိပ်မောကျနေခဲ့တာ ၊ ကားဆရာက အဖေကားပေါ်ပါလာမှန်မသိဘူး ၊ အတော်ဝေးဝေးကို ရောက်တဲ့အချိန်မှာမှ ကားဆရာက အဖေကားပေါ်ပါလာမှန်း သတိရခဲ့ပြီး အဖေ့ကိုအဲ့လမ်းတစ်ဝက်မှာပဲ ချန်ထားခဲ့လိုက်တယ် ၊ ဒါကတော့ အဖေ့ရဲ့ပထမဆုံး မိသားစုဝင်တွေနဲ့ အကြာကြီးခွဲနေခဲ့ရတဲ့အချိန်ပဲ ၊ ကျွန်တော်တို့သူ့ကို ပထမဆုံး အိမ်ထမင်းပူပူလေးချက်ကျွေးချင်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*