
ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်က နိုင်ငံတစ်ခုကိုရောက်သွားတိုင်း ကျောပေါ်မှာ ထိုနိုင်ငံရဲ့ မြေပုံကို ရေးဆွဲခဲ့တဲ့ လူတစ်ယောက်အကြေင်းကို ဖော်ပြပေးချင်ပါတယ်။ အခုလို ထူးထူးဆန်းဆန်းတွေ ပြုလုပ်ခဲ့သူရဲ့ နာမည်ကတော့ Bill Passmanလို့ ခေါ်ပြီး အငြိမ်းစားရှေ့နေတစ်ဦး ဖြစ်ပါတယ်။ သူဟာ ခရီးသွားရတာကို အလွန်ဝါသနာပါပြီး ၂၀၀၆ ခုနှစ်တည်းက စတင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ထူးခြားတာကတော့ သူ့ရဲ့ကျောကုန်းမှာ ကမ္ဘာ့မြေပုံကို ဆွဲထားပြီး ခရီးသွားပြီး တိုင်း သူရောက်ခဲ့တဲ့နေရာတွေကို ဆေးခြယ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ သူူ့ အသက်ဟာ ယခုအချိန်မှာတော့ အသက် ၆၁ ရှိနေပြီ ဖြစ်ပြီး သူဟာ နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ တိုက်ကြီး ၇ တိုက်စလုံးကို ရောက်ရှိည်ပတ်ခဲ့ပြီးပီလဲ ဖြစ်ပါတယ်။
သူလည်ပတ်ခဲ့တဲ့ နေရာတွေဟာ စုံသလောက်ရှိနေပြီ ဖြစ်တာကြောင့် သူ့ကျောပေါ်က နေရာလွတ်တွေမှာလည်း ဆေးခြယ်စရာ အလွတ်အနည်းငယ်ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့်လည်း ကမ္ဘာမပတ်ခင်ထဲက ဆုံးဖြတ်ချက်ချထားတဲ့ သူ့ရဲ့ အစီအစဉ်အတိုင်း ဆေးခြယ်စရာ မကျန်တော့တဲ့ အထိ ဆက်လက်ပြီး ကမ္ဘာအနှံ့ခရီးသွားနေဦးမယ်လို့လည်း သိရပါတယ်။
Leave a Reply