ကော်ဖီဆိုင်လာတဲ့ ဧည့်သည်တွေကိုဦးထုပ်ဆောင်းခိုင်းပြီးမှသာ ဆိုင်ထိုင်ခွင့်ပြုခဲ့တဲ့ဆိုင်ရှင်

ဂျာမနီနိုင်ငံဟာ အခုဆိုရင် ကန့်သတ်သွားလာမှုတွေ ရုတ်သိမ်းပေးခဲ့ပြီးနောက် စီးပွားရေးတွေလည်းစတင်ဆောင်ရွက်နေခဲ့ပြီဖြစ်ပါတယ် ။ ဂျာမနီနိုင်ငံ ၊ Schwerin မြို့မှာရှိတဲ့ ကော်ဖီဆိုင်တစ်ခုမှာလည်း ဆိုင်ပြန်ဖွင့်ခဲ့ပြီး ဆိုင်သို့ရောက်ရှိလာသောဧည့်သည်များကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမဖြစ်အောင် တစ်ဦးနှင့်တစ်ဦးနီးကပ်မှုမရှိအောင် ဖော့ပိုက်လုံးတွေတပ်ထားတဲ့ဦးထုပ်တွေကို ဆိုင်လာဧည့်သည်များအား ဆောင်းခိုင်းခဲ့ပြီး safe distancing ဖြစ်အောင် ပြုလုပ်စေခဲ့ပြီးမှ ဆိုင်ထိုင်ခွင့်ပေးခဲ့တာပါ ။

အဆိုပါ ကော်ဖီဆိုင်မှ ဓာတ်ပုံတွေကို ဆိုင်ပိုင်ရှင်က သူ၏ Facebook page မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ အကြံဉာဏ်ကောင်းလွန်းတဲ့ ကော်ဖီဆိုင်ပိုင်ရှင်၏လုပ်ရပ်ကို လူအများအပြားက ချီးကျူ းခဲ့ကြတဲ့အပြင် ၊ အဆိုပါဓာတ်ပုံကိုလည်း ပြန်လည်ဝေမျှသူ အများအပြားရရှိခဲ့ပါတယ် ။

အဆိုပါကော်ဖီဆိုင်ဟာ အရင်ချိန်တုန်းက ဆိုင်အတွင်းဖက်မှာ စားပွဲဝိုင်း 36 ဝိုင်း ၊ ဆိုင်အပြင်ဖက် စားပွဲဝိုင်း 20 ဝိုင်း ရှိခဲ့ပေမဲ့လည်း ၊ ယခုလိုအချိန်မှာတော့ ရောဂါကူးစက်မှုမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆိုင်အတွင်းဖက် 12ဝိုင်း နှင့် ဆိုင်အပြင်ဖက် 8ဝိုင်းသာ ရှိတော့ကြောင်း သိရှိရပါတယ် ။ ဂျာမနီရှိ အချို့သောစားသောက်ဆိုင်တွေကတော့ ပြန်ဖွင့်ခဲ့ပေမဲ့လည်း ဆိုင်အတွင်းစားသောက်ခွင့်မပေးကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*