Customer က ဟင်းကိုပြန်ချက်ပေးဖို့ပြောလို့ စိတ်ဆိုးပြီးချက်ပြုတ်နေတဲ့ဟင်းပွဲထဲ တံတွေးထွေးထည့်ခဲ့တဲ့ စားဖိုမှူ း (ရုပ်သံ)

ယခုလို Covid -19 ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့အချိန်မှာ လူအတော်များများဟာ ချောင်းဆိုး ၊ နှာချေ တာတွေတောင်လူကြားထဲမှာ မပြုလုပ်ရဲရလောက်တဲ့အထိ ကျန်းမားရေဂရုစိုက်ပြီး mask များတပ်ကာသွားလာနေကြတာပါ ။ သို့ပေမဲ့လည်း အချို့သောသူတွေကတော့ ယခုလိုအချိန်မှာတောင် သူတို့ရဲ့စိတ်ထားယုတ်ညံ့တဲ့အပြုအမှုကို စာနာစိတ်မရှိပဲ ပြုမှုနေကြတုန်းပါပဲ ။

ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Xi’an မြို့မှာရှိတဲ့ စားသောက်ဆိုင်က စားဖိုမှူ းတစ်ယောက်ဟာဆိုရင် ချက်ပြုတ်နေတဲ့ဟင်းပွဲထဲကို တံတွေးထွေးထည့်ခဲ့တဲ့အဖြစ်ကို CCTV ရုပ်သံမှာ အမိအရရိုက်ကူးထားပြီး ဖော်ထုတ်ခြင်းခံခဲ့ရပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါဆိုင်သို့ လာရောက်စားသုံးတဲ့ Customer က သူ၏ဟင်းပွဲကိုစားသုံးရတာအဆင်မပြေလို့ စားဖိုမှူ းထံဟင်းပွဲပြန်ပို့ပြီး ဟင်းပွဲအသစ်ပြန်ချက်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ စားဖိုမှူ းဟာ အတော်လေးစိတ်ဆိုးဒေါသထွက်သွားခဲ့ပြီးနောက် ဟင်းပွဲအသစ်ပြန်ချက်ပေးနေတုန်း အခြားသူတွေသတိမထားမိခင် ဟင်းပွဲထဲသို့ တံတွေးထွေးထည့်ခဲ့ပြီး မသိမသာလေးဟင်းချက်နေခဲ့တာပါ ။

ထို့နောက် အဆိုပါဟင်းကို Customer ဆီသို့ တည်းခင်းခဲ့ချိန်မှာတော့ Customer က အဆိုပါဟင်းပွဲထဲမှ စီးကရက်တိုလေးတွေ့ရှိခဲ့လို့ သင်္ကာမကင်းဖြစ်ပြီး ဆိုင်ရှိ CCTV ပြန်ကြည့်ခွင့်တောင်းဆိုခဲ့ပါတော့တယ် ။ ထိုအချိန်မှာတော့ အဆိုပါ စားဖိုမှူ းရဲ့လုပ်ရပ်ကို မထင်မှတ်ထားလောက်အောင် တစ်ဆိုင်လုံးက အတော်လေးအံအားသင့်သွားခဲ့ရပါတော့တယ် ။

အဆိုပါ ယုတ်ညံ့လွန်းတဲ့လုပ်ရပ်ကြောင့် အဆိုပါစားသောက်ဆိုင်ဟာ လုပ်ငန်းဆိုင်းငံ့ခြင်းခံထားရတဲ့အပြင် ၊ ဒဏ်ကြေးငွေ 100,000 Yuan လည်းပေးဆောင်ခဲ့ရပါတယ် ။ ထို့အပြင် စားသောက်ဆိုင်ဟာ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုပါ အသိမ်းခံရနိုင်တဲ့အခြေအနေသို့ရောက်ရှိနေကြောင်းလည်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*