သန့်ရှင်းရေးမထားတဲ့ ဂျပန် နိုင်ငံ ကကျောင်း

ဂျပန် နိုင်ငံ ဟာ ပညာသင်ကြားရာမှာ လက်တွေ့သင်ကြားမှုကိုအဓိကထားပါတယ်။အခြေခံစိတ်ဓာတ်တွေ၊အမူအကျင့်တွေကို ဘာသာရပ်တစ်ခုလိုမသင်ဘဲ လက်တွေ့လုပ်ဆောင်စေခြင်းဖြင့် အကျင့်ဖြစ်အောင်၊တစ်သားတည်းဖြစ်နေအောင်သင်ကြားပေးတာပါ။ဒါ့ကြောင့်လည်းအထွေထွေသန့်ရှင်းရေး ဝန်ထမ်းတွေမထားရှိတာပါ။


ဂျပန် နိုင်ငံ ကကျောင်းတွေမှာအခန်းနဲ့ အိမ်သာသန့်ရှင်းရေးကို ကျောင်းသူကျောင်းသားအာလုံးအတူလုပ်ဆောင်ရပါတယ်။ဒီကနေတစ်ဆင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ တာဝန်သိတတ်ခြင်း၊ စည်းကမ်းရှိခြင်း စတဲ့ အပြုအမူများကို သင်ကြားပေးပါတယ်။နောက်ပြီး ပတ်ဝန်ကျင်သန့်ရှင်းမှုဟာအရေးကြီးကြောင်း၊ဒီသန့်ရှင်းရေးဟာလည်း အားလုံးရဲ့တာဝန်ဖြစ်ကြောင်း သိရှိစေပါတယ်။

နေ့လည်စာကိုလည်းကျောင်းမှာပဲစားရပြီး၊ကိုယ်စားမယ့်ဟာကို ကိုယ့်ဘာသာပဲစီစဉ်ရပါတယ်။ဝန်ထမ်းမထားထားပါဘူး။ကိုယ်စားတဲ့နေရာသန့်ရှင်းအောင်လည်း ကိုယ့်ဘာသာပဲလုပ်ဆောင်စေပါတယ်။နောက်ပြီးစားပြီးသား စွန့်ပစ်အမှိုက်တွေထဲက ပြန်အသုံးပြု (recycle)လို့ရမယ့်ဟာနဲ့ အမှိုက်ကိုသပ်သပ်ခွဲထည့်ပြီးရှင်းလင်းစေပါတယ်။ဆရာဆရာမတွေကလည်း ကျောင်းသူကျောင်းသားတွေနဲ့အတူနေ့လည်စာစားပြီး ရင်းနှီးမှုကိုပိုစေပါတယ်။

ကျောင်းသူကျောင်းသားတွေကလည်း ဆရာဆရာမတွေစားဖို့စီစဉ်ပေးတာ၊ စားထားတာကိုရှင်းလင်းပေးတာတွေနဲ့ လေးစားမှုကိုပြပါတယ်။ဒီလိုကိုယ်တိုင်လုပ်ဆောင်ရတဲ့အခါ ကျောင်းသူကျောင်းသားတွေဟာ အရေးကြီးတဲ့အခြေခံအမူအကျင့်တွေကို လုပ်တတ်လာပြီး၊ အသက်ကြီးလာတဲ့အခါမှာလည်းလူမှုအသိုင်းအဝိုင်းမှာဝင်ဆံ့လာစေဖို့ဖြစ်ပါတယ်။

အဖွဲ့လိုက်တာဝန်တွေကိုအလှည့်ကျလုပ်ဆောင်စေပြီး၊အလုပ်တိုင်းကိုလုပ်တတ်အောင် သူများလုပ်ထားတာကိုလည်းတန်ဖိုးထားတတ်အောင် လေးစားအောင် သင်ကြားပေးတာပါ။ညာသင်ယူတယ်ဆိုတာပညာတတ်ဖို့တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ လူမှုရေးအခြေခံစိတ်ဓာတ်ရှိပြီး၊လူဝင်ဆံ့တဲ့ တန်ဖိုးရှိလူသား တစ်ယောက်ဖြစ်ဖို့အတွက်လည်းပါပါတယ်။ဒါ့ကြောင့်ကလေးတွေရဲ့ အချိန်အများဆုံးကုန်ဆုံးရတဲ့ကျောင်းတွေမှာ ဒါတွေသင်ကြားပေးဖို့လိုပါတယ်။မိဘတွေကလည်း သားသမီးတွေကို ကိုယ့်အားကိုကိုယ်ကိုးတတ်အောင်၊ တာဝန်ယူစိတ်ရှိအောင် သူတို့တတ်နိုင်မယ့်အိမ်အလုပ်တွေကိုပေးလုပ်သင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*