မြောက်ကိုးရီးယား မှာပဲရှိတဲ့ ရူးသွပ်ချင်စရာစည်းမျဉ်းစည်းကမ်းများ

စိတ်ဝင်စားစရာကောင်းတဲ့နေထိုင်မှုစနစ်တွေနဲ့ကမ္ဘာတဝှမ်းက နေရာနိုင်ငံတွေအများကြီးထဲဲကမှ ဒီတစ်ခါမှာတော့ ကမ္ဘာလှည့်ရီးသည်တွေအတွက် ထူးဆန်းနေရုံသာမက ရူးသွပ်ချင်စရာကောင်းတဲ့ စည်းမျဉ်းစည်းကမ်းနဲ့မြောက်ကိုးရီးယားနိုင်ငံအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

1.Permission to live in the capital

နိုင်ငံတွင်းမိမိစိတ်ကြိုက် အရွေ့အပြောင်းလုပ်လို့မရသလို ဒီမြို့တော်မှာ နေထိုင်လိုသူတွေအနေနဲ့ အစိုးရကိုခွင့်ပြုချက်တောင်းခံလွှာတင်ရပါတယ်။

2.Must_watch Law

မြောက်ကိုးရီးယားမှာ အစိုးရကထိန်းချုပ်ထားတဲ့ TVပြသတဲ့နေရာပေါင်း3ခုရှိပြီး နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့လက်ရှိနိုင်ငံရေးအခြေအနေကိုသိဖို့ ပြည်သူတွေအနေနဲ့ကြည့်ရပါတယ်။

3.3 generations of punishment

တကယ်လို့ တစ်စုံတစ်ယောက်အနေနဲ့ ဥပဒေကိုချိုးဖောက်ခဲ့တယ်ဆိုရင် သူ့သားသမီးတွေနဲ့မိဘတွေပါ ပြစ်ဒဏ်ပေးခံရပါတယ်။

4.Approved Haircuts

ဆံပင်ပုံဆန်းဆန်းလေးလိုချင်သလား?ဖော်ပြထားတဲ့ ခွင့််ပြုချက်ရဆံပင်စတိုင်28မျိုးထဲက စိတ်
ကြိုက်တစ်ခုကို ရွေးချယ်လိုက်ပါ။အခြားဆံပင်စတိုင်တွေ ပြောင်းခွင့်မရှိပါဘူး။

5.Owning a bible

သမ္မာကျမ်းစာဟာ နိုင်ငံတွင်းတားမြစ်ထားတဲ့စာအုပ်ဖြစ်ပြီး ပိုင်ဆိုင်ထားရှိထားတာနဲ့ ပြစ်ဒဏ်ပေးခံရပါတယ်။

6.Being a foreigner

မြောက်ကိုးရီးယားနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်၊လည်ပတ်သူတွေနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီး လာရောက်လည်ပတ်သူဖြစ်လင့်ကစား အချိန်မရွေး အထိန်းသိမ်းခံရနိုင်ပါတယ်။

7.One Person

ဥပဒေစည်းမျဉ်းတွေ တင်းကြပ်ထားတယ်ဆိုပေမယ့် ဘသူ့ကိုမှဂရုစိုက်စရာမလိုပဲ မလိုက်နာသူတစ်ယောက်လည်း ရှိပါသေးတယ်။သူကတော့ နိုင်ငံ့ခေါင်းဆောင်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*