မမျှော်လင့်ပဲ မတော်တဆဖြစ်သွားတဲ့ ငိုရက်ခက်၊ ရယ်ရခက်အလွဲတွေ

လူတိုင်းရဲ့ ဘဝမှာ တစ်ခုခုလုပ်ရင်း မမျှော်လင့်ပဲ ဟာသဖြစ်သွားတာလေးတွေ ရှိမှာပါ။ တမင်တကာ လုပ်ရင်တောင် တကယ်ဖြစ်သွားဖို့ ခဲယဉ်းတဲ့ မတော်တဆ ဖြစ်တာသွားတာလေးတွေက တကယ်ကို အမှတ်တရ ဖြစ်စေပါတယ်။တချို့ အဖြစ်ပျက်လေးတွေက ကံဆိုးတယ် လို့ ဆိုရမလား ဘဝမှာ ကြုံရတဲ့ အလွဲလေးတွေကို ပုံလေးတွေ အဖြစ် ပြန်ကြည့်မိတဲ့အခါ ရယ်စရာအမှတ်တရလေးတွေ ဖြစ်တွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

ဒီပုံလေးကတော့ သဘာဝဘေးမဲ့တော တိရစ္ဆာန်ဥယာဉ်ထဲမှာ ကလေးမလေးတစ်ယောက် သူမိသားစုနဲ့ အလည်သွားရင်း ဒေါင်းဖိုတစ်ကောင် အမြီးဖြန့် လိုက်တဲ့ အချိန်ခါနဲ့ ကလေးမလေးက ဓာတ်ပုံရိုက်ဖို့ အသွား ကြောက်အားလန့်အားနဲ့ ပြန်ပြေးလာတဲ့ပုံလေးပါ။

ရေသွားကူးတိုင်း ရေပြာပြာလေးဆိုရင် လူတိုင်း သဘောတွေ ကျနေမှာပဲနော်။ ရေပြာအောင် ကန်အဖြူကို ဆေးသုတ်ရင်းနဲ့ နောက်ဆုံးပြီးသွားတဲ့အခါမှာတော့ အလည်ခေါင်မှာ နှစ်ယောက်သား ကျန်နေခဲ့ပါတယ်။ ဆေးမခြောက်ခင်အထိ ဒီနှစ်ယောက်ကတော့ နေပေဦးတော့။

လှချင်တဲ့ မိန်းကလေးတွေရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။ ဒီပုံထဲက မိန်းကလေးဟာ ပထမဆုံး မျက်တောင်ကော့စက်ကို အသုံးပြုချိန်မှာ သူမရဲ့ မျက်တောင်တွေအကုန်လုံး စက်မှာ ညှပ်ပြီး ပါသွားခဲ့ပါတယ်။နာလိုက်မဲ့ ဖြစ်ချင်း…။ သူမကတော့ နောက်ဘယ်တော့မှ ဒီလိုစက်မသုံးတော့ပါဘူးတဲ့။

လမ်းသွားရင်း လာရင်း ဖုန်းလွတ်ကျတာမျိုးဖြစ်ဖြစ် မတော်တဆ ဖြစ်ဖူးကြမှာပါ။ ဒီဖုန်းပိုင်ရှင်ကတော့ အတော်လေး အကျပ်ရိုက်နေလောက်ပါပြီ။ ဖုန်းကျသွားတဲ့ နေရာကလည်း ပြန်ကောက်ဖို့ လုံး၀ မလွယ်လောက်တဲ့ အနေထားမှာ ဖြစ်နေပါတယ်။

ဒီဖုန်းပိုင်ရှင်ကတော့ အတော်နမော်နမဲ့ နိုင်မယ်လို့ ထင်ပါတယ်။ အိမ်မှာ စားဖို့ ကိတ်ဖုတ်တာ ကိုယ့်လက်ကိုင်ဖုန်းပါ ထည့်ဖုတ်လိုက်တယ် ဆိုတော့…။

ဒါကတော့ လူတိုင်း ဖြစ်ဖူးမှာပါ။ အလုပ်အင်တာဗျုးတွေရှိတဲ့ နေ့၊ အလုပ်နောက်ကျတဲ့ နေ့တွေလိုမျိုးမှာ တစ်ခုမဟုတ် တစ်ခုတော့ လွဲလိုက်ရမှ။ ထီးကျန်တာတို့ အရေးကြီး စာရွက်စာတမ်းတွေ ကျန်ခဲ့တာမျိုး၊ တစ်ခုခုပေါ့။ လောတာ မကောင်းသလို နောက်ကျတာလဲ မကောင်းဘူးပေါ့နော်။ အမြဲတမ်း ကြိုတင်ပြင်ဆင်ကြပါ။

ဒါကလည်း သတိမမူ ဂူမမြင် ဆိုသလိုပဲ မမျှော်လင့်ပဲ လွဲသွားတဲ့ အလွဲလေးပါ။ ကားပေါ် နှင်းတွေ အုပ်နေတာကို အရည်ပျော်အောင် အပူပေးဖို့ ကြိုးစားရင်း ကားမီး ပါလောင်သွားတဲ့ အဆင့်ထိ ဖြစ်သွားပါတယ်။

ဖျော်ရည်သောက်မယ်ဆိုမှ ဝယ်လိုက်တဲ့ ဘူးက ပိုက်ထည့်ဖို့ အပေါက်မပါနေသာအခါ…။ ကံဆိုးတယ် ဆိုမလား။

ကြက်သွန်-ငရုတ်ကောင်း ပီဇာ မှာစားမယ်ဆိုမှ အထဲမှာ ကြက်သားချောင်း ပါဖို့ ဆုတောင်းရတော့မှာပဲ။

အချိုရည် သောက်မယ်လုပ်တိုင်း အကြွေစေ့ ထည့်ပြီးမျ အချိုရည်ပုလင်းက အောက်ကို ကျမလာသောအခါ…။

လမ်းသွားရင်း ဟိုငေးဒီငေး အကျင့်ရှိသူတွေ သတိထားကြပါ။ မြောင်းထဲကျပြီး အရပ်ကူပါ လူဝိုင်းပါတော့ မဖြစ်စေနဲ့။

ဒီနေကတော့ ရထားမီပြီ မှတ်တာ။ လွယ်အိတ်ကတော့ နောက်ကျနေတယ်။ နောက် တစ်ဂိတ်အမြန် ဆိုက်ဖို့ ဆုတောင်းရတော့မှာပဲ။

အပြင်ထွက် ဈေးဝယ်ရမှာ ပျင်းတဲ့သူတွေအနေနဲ့ Online Shopping နဲ့Delivery ခေတ်စားလာပြီးနောက် အိမ်တိုင်ရာရောက်“door-to-door” delivery စနစ်ရဲ့ ဝန်ဆောင်မှုဟာ ဆိုရင်တော့…။

အိမ်မှာ ညနေတွေ ဘာတွေလုပ်လဲ သူငယ်ချင်းကမေးလာသောအခါ..နေ့တိုင်း ပင့်ကူ ဖမ်းနေရတယ် ဆိုရင် သိပ်တော့ မကောင်းသေးဘူုး။ အိမ်သန့်ရှင်းရေးလေး လုပ်ဖို့ မမေ့ကြပါနဲ့။

ကား သန့်ရှင်းရေး လုပ်ဖို့ မအားသေးဘူးဆိုပြီး နေ့ရွေ့ ညရွေ့ ရွေ့နေတဲ့ ကားပိုင်ရှင် car wash serviceကို နောက်ဆုံးတော့ သွားဖြစ်ပြီ။

စိတ်လှုပ်ရှား ချင်လို့ Rollar Coaster လေးစီးပါတယ်။ စီးနေရင်း စိတ်မလှုပ်ရှားရပဲ ရပ်မှပဲ စိတ်လှုပ်ရှားရတော့တယ်။

ကြက်သွန်နီ ၊နံနံမိတ် မကြိုက်တဲ့သူတွေ တစ်ခုခုမှာစားတိုင်း မထည့်ဖို့ မှာဖူးကြမှာပါ။ ကြက်သွန်နီ မကြိုက်လို့ မထည့်ဖို့ မှာလိုက်ခါမှ ကြက်သွန်နီတွေ ထည့်လာတဲ့ ဆိုင်က Waiterလေးကို ပညာပြန်ပေးလိုက်ပုံလေးက ချစ်စရာလေးပါ။

“Harry Potter” ဇာတ်လမ်းထဲက မှော်တိုင်းပြည် တံခါး အဝင်အထွက် ဟာ ဆိုရင် အပြင်မှာလည်း တကယ်ရှိပါတယ်။

ဒီအမကြီးကတော့ ကမ်းခြေအသွားများပြီး နေလောင်နေတာ မသိရင် ပန်းရောင် Lotionတွေ လိမ်းထားသလားတောင် မှတ်ရတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*