ဖက်ရှင်နဲ့ပတ်သက်တဲ့အကြံဉာဏ်တောင်းခဲ့ရာမှ ပရိသတ်တွေသဘောကျရယ်မောခဲ့ရတဲ့ ပိုစ့်လေးတစ်ခုဖြစ်စေခဲ့သူ

Fashion Blogger တစ်ယောက်ဖြစ်တဲ့ Chloe Morello ဆိုတဲ့အမျိုးသမီးဟာ ဖက်ရှင်နဲ့ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတစ်ချို့ကိုအကြံဉာဏ်တောင်းခဲ့ရာမှ မထင်မှတ်ထားတဲ့အကြောင်းအရာနဲ့လူပြောများစရာဖြစ်ခဲ့ရပါတယ်။အောင်မြင်နေတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်သလို သူမဟာ ဖက်ရှင်နဲ့ပတ်သက်ပြီးအကြံပေးတာတွေ၊ပြောပြတာတွေလုပ်ပေးခဲ့လို့ နာမည်ကျော်ကြားနေသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်ရက်ပိုင်းကတော့ အသက် ၂၇နှစ်အရွယ် Chloe ဟာသူမဝတ်ဆင်ထားတဲ့ခြေအိတ်က လိုက်ဖက်ရဲ့လားဆိုဝတ်စုံနဲ့လိုက်ဖက်ရဲ့လားဆိုတာကို ဆဲလ်ဖီရိုက်ပြီးသူမရဲ့ ပရိသတ်တွေကိုမေးမြန်းခဲ့ပါတယ်။အနက်ရောင် vest top ဝတ်ဆင်ထားပြီး ရွှေရောင်မီနီစကတ်၊တောက်ပတဲ့ပန်းရောင်ခြေအိတ်က လိုက်ဖက်ရဲ့လား၊အဆင်ပြေရဲ့လားမေးနေတုန်းကို ပရိသတ်တွေက ထူးခြားတဲ့အရာတစ်ခုကိုသတိထားမိခဲ့ပါတယ်။


အဲ့ဒါကတော့ စကတ်ပေါ်က စီးကွင့်ထိုးထားတဲ့ပုံစံပါပဲ။ပုံထဲမှာသင်မြင်တဲ့အတိုင်း သူမရဲ့စကတ်ပေါ်က စီးကွင့်ပုံစံဟာ အမြင်မသင့်တော်တဲ့ပုံစံပေါက်နေပါတယ်။ဒါပေမဲ့ အဲ့ဒီပိုစ့်ဟာ သူမရဲ့ပရိသတ်တွေကြားထဲမှာတော့ သဘောကျရယ်မောစရာတစ်ခုဖြစ်သွားခဲ့ပါတယ်။၇၆၀၀၀ ကျော်နီးပါး Like ရခဲ့ပြီး ကောမန့်ပေါင်း ၂၀၀၀ ကျော်ရခဲ့တာပါ။သဘောကျစရာဖြစ်သွားခဲ့ဆို Chloe ကလည်း တမင်တကာ Prank လုပ်ခဲ့တာပါတဲ့။သူမရဲ့Prank ပိုစ့်က အတော်ကြီးကိုပေါက်သွားခဲ့တာပါပဲ။

ပရိသတ်တစ်ယောက်ဆို “အခုလောလောဆယ် ဆေးရုံတက်နေရတာပါ။ဒါပေမဲ့ ဒီပုံကိုကြည့်ပြီး သဘောတကျနဲ့အားရပါးရရယ်မောမိတယ်”ဆိုပြီးရေးသားခဲ့ပါတယ်။Chloe ရဲ့အင်စတာဂရမ်မှာဆို ဖောလိုးဝါး သန်းပေါင်းများစွာရှိပြီး ယူကျူ့ဘ်တွေမှာလည်း ကြည့်ရှုသူ ၂.၅သန်းကျော်နဲ့အောင်မြင်နေတဲ့ဘလော့ဂါတစ်ယောက်ဖြစ်ပါတယ်။ဒီပိုစ့်လေးကတော့ အမှတ်တရတစ်ခုဖြစ်နေတော့မှာပါပဲ။


ပြီးတော့ အဲ့ဒီစီးကွင့်ပုံစံဟာ သူမရဲ့အမျိုးသား Sebastian Mecha က ဆွဲပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။Chloe က “Seba က ပထမဆုံးအကြိမ်စပြီးဆွဲခဲ့တာပါ။ဒါပေမဲ့ သိပ်တော့မသပ်ရပ်ဘူးပေါ့။အဲ့ဒါနဲ့ ကျွန်မလည်းရယ်စရာတစ်ခုဖြစ်လိမ့်မယ်ဆိုပြီး ဒီလိုမျိုးပိုစ့်တင်ခဲ့တာပါ။ပြီးတော့ ဒီလိုမျိုးသဘောကျတဲ့ကောမန့်တွေအများကြီးရလာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး”ဆိုပြီး အင်တာဗျူးကနေတစ်ဆင့်ပြောပြခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*