အသားစိမ်းတွေအမြဲစားခဲ့တဲ့ အမျိုးသမီး မျက်လုံးထဲကနေ တုတ်ပြားတစ်ကောင်ထွက်ရှိလာ

တရုတ်နိုင်ငံ Jiangsu ဆေးရုံမှာ ၂လက်မရှိ တုတ်ပြားတစ်ကောင်ကို Yang လို့သိရတဲ့ အမျိုးသမီးတစ်ယောက်မျက်လုံးထဲမှာ ဆရာဝန်များတွေ့ရှိခဲ့ပါတယ်။

တုတ်ပြားဟာ သူမရဲ့ဗိုက်ထဲကနေ ခန္ဓာကိုယ်အနှံ့လျှောက်သွားနေပြီး တကယ်လို့ ဦးနှောက်ထဲသာရောက်သွားခဲ့မယ်ဆိုရင် သူမအသက်ဆုံးရှုံးရနိုင်တယ်လို့ JiangsuTV မှာ ပြောပြသွားပါတယ်။

Yang က သူမရဲ့မျက်လုံးတွေ ဖောင်းလာပြီး ရောင်ကိုင်းလာလို့ မျက်လုံးအထူးဆန်ဆရာဝန်ဆီမှာသွားပြခဲ့ပါတယ်။ သူမမျက်လုံး ဒီလိုဖြစ်နေတာ တစ်လလောက်ရှိပြီလို့ သိရပါတယ်။ ဆရာဝန်ကလည်း သူမရဲ့မျက်လုံးက ပုံမှန်မဟုတ်လို့ ချက်ချင်းပဲ ခွဲစိတ်ကုသမှုခံယူဖို့ ပြောပါတယ်။ အစကတော့ မျက်လုံးမှာ အစိုင်အခဲတစ်ခုခုဝင်နေမယ်လို့ထင်ခဲ့တာ ။ ပြီးတော့မှ ၂လက်မအရှည်ရှိ တုတ်ပြားတစ်ကောင်ထွက်လာတာကိုတွေ့ရပါတယ်။ဘာတွေစားတတ်လဲလို့ မေးတော့မှ Yang ဟာ အသားစိမ်းတွေ စားရတာသိပ်ကြိုက်သတဲ့။

” ကျွန်မ မြွေသားစားခဲ့သေးတယ်။ ဒီလောက်ထိဖြစ်လိမ့်မယ်လို့ ကျွန်မ တကယ်မထင်ခဲ့တာပါ ” လို့ပြောသွားပါတယ်။ မကျက်တဲ့ အသားစိမ်းတွေ စားပါများတော့ Yang ရဲ့ခန္ဓာကိုယ်ထဲမှာ ပိုးမွှားတွေပိုမို ပေါက်ဖွားလို့ကောင်းလာတာပါ။ တဖြည်းဖြည်းနဲ့ကြီးလာပြီး ခန္ဓာကိုယ်အနှံ့လျှောက်သွားရင်း မျက်လုံးနားရောက်လာတာ တော်ပါသေးတယ်။ သူမသာ ဆရာဝန်လာမပြပဲ ပေနေမယ်ဆိုရင် ဦးနှောက်ထဲ ရောက်သွားရင်မတွေးရဲစရာပါပဲ။

အခုတော့ ခွဲစိတ်ဖယ်ရှားလိုက်ပြီမို့လို့ ဘေးကင်းလုံခြုံသွားပါပြီ။ သူမခေါင်းထဲကိုလည်း ဘယ်တုတ်ပြားကောင်မှ မဝင်နိုင်တော့ပါဘူး။ ဆရာဝန်က အစားသောက်ဆင်ခြင်ဖို့တော့ သူမကို သေချာသတိပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*