မတ်စောက်လွန်းတဲ့ တောင်စောင်းမှာသောင်တင်နေတဲ့ခွေလေးကို အသက်စွန့်ပြီးကယ်ခဲ့ကြသူများ

အတော်လေးကို စိတ်ဆုံးဖြတ်ချက်ခိုင်မာလွန်းတဲ့ မီးသတ်တပ်ဖွဲ့ကတော့ ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ တိရစ္ဆာန်လေးတွေကို ကူညီပေးဖို့ လက်မလျော့တတ်ကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Tanjung Bungah မြို့ရှိ မတ်စောက်လွန်းတဲ့တောင်စောင်တစ်နေရာမှာ ညပ်မိနေတဲ့ခွေးကလေးကို မီးသတ်တပ်ဖွဲ့များ နှင့် စေတနာ့ဝန်ထမ်းများက အသက်စွန့်ပြီးကယ်တင်ပေးခဲ့ကြပါတယ်

။ ခွေးလေးဟာ တောင်စောင်းရဲ့ 100 ပေအနက်မှာ ပြီးခဲ့တဲ့ မေလ 5ရက်နေ့ကတည်းက သောင်တင်နေခဲ့တာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ် ။ အဆိုပါ ခွေးလေးဒုက္ခရောက်နေတဲ့အဖြစ်ဟာ Facebook စာမျက်နှာပေါ်မှာ ပျံ့နှံသွားခဲ့လို့ ယခုလို မီးသတ်တပ်ဖွဲက လာရောက်ပြီး ကယ်ဆယ်ပေးခဲ့တာဖြစ်ပါတယ် ။

ကယ်ဆယ်ရေးအစီအစဉ်မှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အဆိုပါမတ်စောက်လွန်းတဲ့ တောင်စောင်းအောက်ဖက်ထိ အသက်ကယ်ကြိုးများဖြင့်ဆင်းပြီး ခွေးကလေးကို ကယ်ဆယ်ပေးခဲ့ရတာပါ ။

ခွေးလေးဟာ အတော်လေးကို ပိန်ရှုံးနေခဲ့ပြီး အာဟာရချို့တဲ့နေပုံလည်း ဖြစ်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခွေးလေးကို အချိန်မှီကယ်ဆင်ပေးနိုင်ခဲ့ကြလို့ လူအများက စိတ်ထားမွန်မြတ်လှတဲ့ အဆိုပါမီးသတ်တပ်ဖွဲ့ဝင်တွေကို အသိအမှတ်ပြုကျေးဇူးတင်ခဲ့ကြပါတယ် ။

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအတွက် ရှေ့ကနေ အသက်ရင်းပြီးကယ်တင်ပေးတဲ့လူတွေဖြစ်ကြတဲ့အပြင် ၊ သက်ရှိတွေကို ကယ်တင်ဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ အလျင်အမြန်ချမှတ်ပြီး လုပ်ဆောင်ခဲ့ကြတဲ့အတွက် ပြည်သူတွေကတော့ အဆိုပါ မလေးရှားမီးသတ်တပ်ဖွဲ့ဝင်တွေကို အတော်လေး လေးစားဂုဏ်ယူနေလျက်ရှိကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*