Customer ဆီက မမျှော်လင့်ထားတဲ့ တုံ့ပြန်မှုကြောင့် မျက်ရည်ကျခဲ့ရတဲ့ Delivery အမျိုးသား (ရုပ်သံ)

အခုလို Covid – 19 ကူးစက်ရောဂါအခြေအနေတွေကြောင့် လူတွေဟာ လည်ပတ်သွားလာမှုတွေ သိပ်ပြီးမလုပ်ဆောင်တော့ဘဲ နေအိမ်အတွင်း၌သာ နေထိုင်ကျလျက်ရှိပါတယ် ။ ထို့အပြင် စားသောက်ဆိုင်မှ အစားအစာများကိုလည်း Food Delivery ဖြင့်ဝန်ဆောင်မှုပေးပြီး ပို့ဆောင်နေလျက်ရှိလို့ လူအတော်အများက နေအိမ်အတွင်း၌သာ အဆင်ပြေစွာနေထိုင်နေကြလျက်ရှိပါတယ် ။

သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှ Food deliveryman တစ်ဦးဟာ လူအတော်အများက အိမ်ပြင်မထွက်ကြဘဲ နေအိမ်မှသာ အစားအသောက်များမှာယူနေကြသောကြောင့် အတော်လေးကို မအားမလပ်နိုင်အောင် အလုပ်ရှုပ်နေလျက်ရှိပြီး ၊ သူ၏မွေးနေ့ကိုတောင် မေ့နေခဲ့ပါတယ် ။

သို့ပေမဲ့လည်း အစားအသောက်မှာယူခဲ့တဲ့ Customer တစ်ဦးဟာ ကျေးဇူးတင်ပြီးအသိအမှတ်ပြုတဲ့အနေနဲ့ Delivery သမားအတွက် ကိတ်မုန့်တစ်ခုမှာယူပေးခဲ့ပါတယ် ။ Delivery သမားဟာ အဆိုပါကိတ်မုန့်ကို ဆိုင်အတွင်းသို့သွားရောက်ယူဆောင်ခဲ့ချိန်မှာတော့ ဝန်ထမ်းမိန်းကလေးက” Customer တစ်ဦးက ရှင့်အတွက် လက်ဆောင်အနေနဲ့ ဝယ်ထားပေးတာပါ ” ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Delivery သမားဟာ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ပြီး သေချာရဲ့လားဆိုပြီး ဆိုင်ဝန်ထမ်းကို အကြိမ်ကြိမ်ပြန်မေးခဲ့ပါတော့တယ် ။

Customer ချန်ထားခဲ့တဲ့ စာတိုလေးတစ်ခုမှာလည်း ” ကျွန်တော်ခင်ဗျားအတွက် ကိတ်တစ်ခုပိုမှာ ပေးခဲ့ပါတယ် ၊ အချိန်မီစားဖို့ သတိရပါ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။ Customer က အဆိုပါ Delivery အမျိုးသားရဲ့ မွေးနေ့မှန်းသိရှိခြင်းမရှိဘဲ ကိတ်မုန့်မှာယူပေးခဲ့ခြင်းဖြစ်ပေမဲ့လည်း ၊

Delivery သမားကတော့ ဆိုင်အပြင်ဖက်မှာ ကိတ်မုန့်ပေါ်ဖယောင်တိုင်လေးထွန်းပြီး မျက်ရည်များလည်းစီးကျလာခဲ့ကာ သူ၏မွေးနေ့ကိတ်မှ ဖယောင်တိုင်ကို မီးမှုတ်ခဲ့တာကို video ထဲမှာ အထင်းသားကြီးမြင်တွေ့ရမှာပါ ။ ဒီလို ခက်ခဲတဲ့အချိန်မျိုးမှာ အချင်းချင်းအသိအမှတ်ပြုပြီး ရိုင်ပင်းကူညီတဲ့စိတ်မျိုးဟာ အတော်လေးကို လေးစားအားကျဖွယ်ကောင်းလွန်းလှပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*