ဘူတာရုံမှာ လူတကာကို အနမ်းလိုက်ခြွေတဲ့ အမျိုးသမီး

သင်ဟာလူရှုပ်တဲ့ ဘူတာရုံတစ်ခုဒါမှမဟုတ် ကားဂိတ်တစ်ခုမှာ စောင့်နေတုန်း သင်မသိတဲ့ သူစိမ်းတ

ယောက်က အနမ်းလာခြွေရင် ဘယ်လိုတုန့်ပြန်မိမယ်ထင်ပါသလဲ။ ဒီလိုတုန့်ပြန်မှုကို သိချင်တဲ့အတွက် နယူးယော့ခ်မှာ နေထိုင်တဲ့မိန်းကလေးတစ်ဦးဟာ သူမ, မသိတဲ့ သူစိမ်းတွေကို လူမြင်ကွင်းမှာ အနမ်း လိုက်ခြွေဖို့ ကြိုးစားတဲ့လုပ်ရပ်ကို ဗီဒီယိုရိုက်ကူးထားခဲ့ရာက အခုဆိုရင် အတော်လေး နာမည်ကြီးလာပြီဖြစ် ပါတယ်။


ဖာရာဘရွတ်ခ်လို့ခေါ်တဲ့ ဒီအမျိုးသမီးငယ်လေးဟာ နယူးယော့ခ်မြို့ နေရာအနှံ့က လူစည်ကားရာ နေရာ

တွေမှာ အမျိုးသား အမျိုးသမီးမရွေး အနမ်းလိုက်ခြွေခဲ့တာဖြစ်ပါတယ်။ သူမရဲ့အနမ်းခြွေပွဲမကျင်းပခင်မှာ ‘‘ အခုဆိုရင် လူတွေကိုအနမ်းခြွေဖို့ ကျွန်မတို့သွားပါတော့မယ်။ အထိုးမခံရဖို့ မျှော်လင့်ပါတယ်’’ ဆိုပြီး ပြောထားပုံကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဘူတာရုံထဲမှာ သွားလာနေတဲ့ သူတွေထဲက သူမ အနမ်းခြွေမယ့် အမျိုးသား၊ အမျိုးသမီးအချို့ကို ကြုံရာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သူမရိုက်ကူးခဲ့တဲ့ ဒီဗီဒီယိုကို Kiss Me NYC လို့အမည်ပေးထားပါတယ်။
သူမက သူစိမ်းတယောက်နားသွားပြီး ဘာမှမပြောပဲ ရုတ်တရက် အနမ်းခြွေဖို့ ကြိုးစားလိုက်တဲ့အခါ အံ့အား သင့်သွားသူ အတော်များများတွေ့ခဲ့ရပါတယ်။ တစ်ချို့ကလည်း ဒေါသထွက်သွားတဲ့ အမူအရာ ဖြစ်သွားပါ တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ သူမကို ဘယ်သူကမှ ထိုးကြိတ်လိုက်တာမျိုး အကြမ်းဖက်ခဲ့တာ မရှိခဲ့ ပါဘူး။ သူမနောက်ဆုံး ရွေးချယ်ခဲ့တဲ့ အမျိုးသားတစ်ဦးဆိုရင် ကော်ဖီစားပွဲမှာထိုင်နေတဲ့ ခပ်ဖြောင့်ဖြောင့် အမျိုးသားဖြစ်ပါတယ်။ သူမက အနားကပ်သွားပြီး အနမ်းခြွေဖို့ ကြိုးစားလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် စက္ကန့်ပိုင်းအတွင်းမှာ သူတို့နှစ်ယောက် မျက်လုံးခြင်းဆုံမိပြီး လိုလိုချင်ချင်နဲ့ အနမ်းခြွေဖြစ်သွားခဲ့တာ ဖြစ်ပါ တယ်။ ဒီအမျိုးသားကလည်း လိုလိုချင်ချင်နဲ့ သူမခေါင်းကို လက်နဲ့ကိုင်ပြီး အနမ်းပြန်ခြွေခဲ့လို့ နောက်ဆုံးပစ် မှတ်ဟာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*