
အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကတော့ တကယ်ပဲ ပရိသတ်တွေကို ငိုရခက်ရယ်ရခက် ဖြစ်စေခဲ့ပါတယ်။အကြောင်းကတော့ မိခင်ဖြစ်သူရဲ့ဈာပနအခမ်းအနားမှာ သားဖြစ်သူအပေါ် မတော်တဆခေါင်း တလားပြုတ်ကျပိမိခဲ့ရာမှ သားဖြစ်သူပါ သေဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။အဆိုပါ အဖြစ်အပျက်လေးကတော့ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ ဈာပနအခမ်းအနားမှာ အဲ့ဒီဒေသရဲ့ ရိုးရာအတိုင်း ခေါင်းတလားကို စင်မြင့်ပေါ်သို့ တင်ရန်ကြိုးစားခဲ့ကြ ရာမှ အခုလိုမတော်တဆ ပြုတ်ကျခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ဒေသရဲ့ ဈာပနအခမ်းအနားတွေမှာ ခေါင်းတ လားတင်ရန် စင်ကိုခပ်မြင့်မြင့် ပြုလုပ်ထားတာကြောင့် ခေါင်းတလားကို ဝါးလှေကားနဲ့ တက်ပြီးမတင်ကြရတာပဲ ဖြစ်ပါတယ်။
ယခုဖြစ်စဉ်မှာလည်း ဝါးလှေကားနဲ့ ခေါင်းတလားမတင်ချိန် အလေးချိန်မခံနိုင်ပဲ ကျိုးကျခဲ့ရာမှ သား ဖြစ်သူအပေါ် ပိသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဆာမန် ကွန်ဒိုရူရာ အမည်ရှိတဲ့ အသက် ၄၀ အရွယ် သားဖြစ်သူအမျိုးသားကတော့ ခေါင်းတလားပိခံရမှုကြောင့် ဆာမန် ကွန်ဒိုရူရာကို ဆေးရုံ အရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်ပြီး အချိန်နောက်ကျသွား ခဲ့တာ ကြောင့် အသက်ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မိခင်ဖြစ်သူနဲ့ အတူသားဖြစ်သူရဲ့ ဈပနာအခမ်း အနားကိုပါ အတူတူကျင်းပ ပြုလုပ်ရတော့မှာဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဇွန်လ ၁၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
Leave a Reply