1 Million Comments ရရင် ထီးပုံစံဆံပင်ညှပ်ပြမယ်ဆိုပြီး စိန်ခေါ်မိခဲ့တဲ့အမျိုးသားရဲ့အဖြစ်(ရုပ်သံ)

Mohammad Rafiezulanwar Jaffri အမည်ရှိတဲ့အမျိုးသားဟာ Facebook စာမျက်နှာပေါ်မှာ ဓာတ်ပုံတစ်ပုံနှင့်အတူ စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ April 29 ရက်နေ့က Jaffri ဟာ ” one million comments သာရခဲ့ရင် ဒီဓာတ်ပုံထဲကအတိုင်း ဆံပင်ညှပ်ပြပါမယ် ဒါပေမဲ့ ဘယ်လိုဖြစ်မလဲတော့ မသိသေးပါဘူး ” ဆိုပြီပြောဆိုကာ ထီးပုံစံညှပ်ထားတဲ့ ဆံပင်ပုံနှင့်တကွ စာရေးသားကာ Facebook စာမျက်နှာပေါ်မှာ စိန်ခေါ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း April 29 ရက်နေ့ ညနေခင်းမှာပဲ Jaffri ရဲ့ post ဟာ one million comments ရရှိခဲ့ပြီး ပြန်လည်ဝေမျှသူပေါင်း 18000 ကျော်သွားခဲ့ပါတယ် ။ ထို့အပြင် လူအများစုက Jaffri ကို ဆံပင်ညှပ်ပြီး live လွင့်ပြဖို့ ဖိအားပေးပြီးတောင်းဆိုလာကြပါတယ် ။ ထိုကြောင့် အဆိုပါည 10 နာရီအချိန်မှာပဲ အမှိုက်အိတ်အမဲရောင်ကို စွပ်ပြီး Jaffri ဟာ live လွင့်ခဲ့ပါတော့တယ် ။

Live လွင့်တဲ့အချိန်မှာတော့ Jaffri ဟာ ကုန်တိုက်သို့သွားပြီး ဆံပင်ညှပ်တဲ့ကတ်ကြေးမျိုးရှာခဲ့ပေမဲ့လည်း မတွေ့ခဲ့လို့ ရိုးရိုးကတ်ကြေးဖြင့်သာ ဆံပင်ညှပ်ပြမည်ဖြစ်ကြောင်း ပြောဆိုပြီး သူ၏အခန်းဖော်အား ဓာတ်ပုံထဲကအတိုင်း ဆံပင်ညှပ်စေခဲ့ပါတယ် ။

အဆိုပါ live လွင့်ခဲ့တဲ့ video ဟာ မိနစ် 90 ကြာမြင့်ခဲ့ပြီး Jaffri ဟာ comment မှာ မေးမြန်းထားတဲ့မေးခွန်းတွေအကုန်တွေ ဖြေကြားပေးခဲ့ပါသေးတယ် ။ Jaffri ဟာ စင်ကာပူရှိဆေးရုံတစ်ခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေလျက်ရှိပြီး နောက်နေ့အလုပ်ကိုလည်း ယခုလိုဆံပင်မျိုးနှင့်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထိုအပြင် ယခုလိုဆံပင်ပုံစံညှပ်ပြရတာကို အပျော်သဘောဖျော်ဖြေမှုသက်သက်ဖြစ်ပြီး ယခုလိုဆံပင်ပုံစံမျိုးကို ရက်အတော်ကြာထားအုံးမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*