လူငယ်တွေညဖက် အပြင်မထွက်အောင် သရဲဝတ်စုံဝတ်ပြီး ခြိမ်းခြောက်ခဲ့တဲ့အမျိုးသား

Covid -19 ကူးစက်ပျံ့နှံ့မှုမြင့်မားနေတဲ့ နိုင်ငံအချို့က နေအိမ်အပြင်မထွက်ရတဲ့စည်းကမ်းကို လိုက်နာနေသူအတော်များများရှိနေပြီဖြစ်ပေမဲ့လည်း လူတစ်ချို့ကတော့လိုက်နာခြင်းမျိုးမရှိသေးပါဘူး ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Muhammad Urabil Alias အမည်ရှိတဲ့အမျိုးသားဟာ စည်းကမ်းလိုက်နာမှုမရှိတဲ့ သူ၏အိမ်နီးချင်းလူငယ်တွေကို ညဖက်အိမ်ပြင်မထွက်အောင် ကိုယ်တိုင်အကြံထုတ်ပြီးဖြေရှင်းခဲ့ပါတယ် ။

အဲတာတော့ Urabil ဟာသရဲဝတ်စုံဝတ်ဆင်ပြီး ကားပေါ်မှာတက်နေကာ သူ၏ရုပ်ပုံကို ဇနီးသည်ဟာ ဖုန်းဖြင့်ဓာတ်ပုံရိုက်ယူခိုင်းခဲ့ပါတယ် ။ ထို့နောက် အဆိုပါဓာတ်ပုံကို Facebook စာမျက်နှာမှာ အမှန်တကယ်သရဲမြင်တွေ့ရသလို ရေးသားခြောက်လန့်ပြီး ဝေမျှခဲ့ပါတယ် ။

Urabil ၏ပြောဆိုချက်အရ ၎င်းတို့၏နေအိမ်ပတ်ဝန်းကျင်မှာ တာဝန်ရှိသူများကအမြဲကင်းလှည့်လည်စောင့်ကြပ်ကြည့်ရှုနေပေမဲ့ အချို့သောသူများကတော့ ခေါင်းမာလွန်းပြီး အမြဲအပြင်ထွက်နေဆဲပါပဲတဲ့ ။ ဒါကြောင့် အခုလိုအကြံဉာဏ်မျိုးနဲ့ သူ၏အိမ်နီးချင်းတွေညဖက်အပြင်မထွက်ရဲအောင် ခြောက်လန့်ပစ်ခဲ့ရတာဖြစ်ပါတယ် ။ အဆိုပါဓာတ်ပုံများကို လူအများစုက အမှန်တကယ်တွေးထင်ခဲ့ပြီး ၎င်းတို့၏ပတ်ဝန်းကျင်မှာ ညဖက်အပြင်ထွက်သူ သိသိသာသာ လျော့ကျသွားခဲ့ကြောင်းလည်း ပြောပြခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း Urabil က သူ၏ခြောက်လန့်မှုမှာ အတော်လေးလွန်ကဲသွားခဲ့ရင်လည်း အနူးအညွတ်တောင်းပန်ကြောင်း နှင့် ညဖက်လူငယ်များအပြင်မထွက်အောင် ရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*