စားစရာမရှိလို့ ငါးသွားဖမ်းရင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသားနှစ်ဦး(ရုပ်သံ)

ဖြစ်စဉ်ကတော့ မလေးရှားနိုင်ငံ Sungai Siput မြို့လေးမှာနေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ရောဂါကူးစက်ပျံ့နှံ့မှုတွေကြောင့် quarantine နေထိုင်ခိုင်းတဲ့အခြေအနေမှာ အတော်လေးကိုအခက်အခဲကြုံတွေ့ခဲ့ရပါတယ် ။

Chen အမည်ရှိတဲ့ အသက် 45 နှစ်အရွယ်အမျိုးသား နဲ့ Zhong အမည်ရှိတဲ့ အသက် 56 နှစ်အရွယ်အမျိုးသားနှစ်ဦးတို့ဟာ ဆောက်လုပ်ရေးလုပ်သားတွေဖြစ်တဲ့အပြင် ၊ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမားများဖြစ်ကြကာ တစ်ရက်ကို RM 100 သာဝင်ငွေရှိတဲ့သူများဖြစ်ကြပါတယ် ။ အချိန်အတော်ကြာ ဝင်ငွေမရှိတော့တဲ့အဆုံး အစားအသောက်မရှိတော့၍ နှစ်ယောက်သားငါးသွားဖမ်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။

Aprilလ 2ရက်နေ့ ၊ညနေ 5နာရီခန့်မှာတော့ နှစ်ယောက်သားရေကန်အနား ငါးဖမ်းနေကြတာကိုရဲအရာရှိများကတွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ် ။

Chen နှင့် Zhong တို့က ပိုက်ဆံမရှိလို့ စားသောက်ဖို့အတွက် ငါးဖမ်းခဲ့တာဖြစ်ကြောင်း နှင့် ဖမ်းမိထားသောငါးများကိုလည်း စားသုံးဖို့သာရည်ရွယ်ထားပြီး ရောင်းချဖို့မဟုတ်ကြောင်း တရားသူကြီးထံ ဝန်ခံခဲ့ပေမဲ့လည်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းကိုမလိုက်နာခဲ့၍ ဒဏ်ကြေးငွေ RM 1,000 မပေးနိုင်တဲ့အဆုံး နှစ်ဦးလုံး ထောင်ဒဏ် 3လစီချမှတ်ခြင်း ခံခဲ့ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*