ဘယ်သွားသွား မသန်စွမ်း ချစ်ဇနီးကို ကျောပိုးပြီး ခေါ်ဆောင်သွားတဲ့ အမျိုးသား

အသက် ၅၇ခုနှစ်ရှိပြီဖြစ်တဲ့ Wang Xiaomin ဟာ မသန်စွမ်း ဇနီးကို ကျောမှာပိုးပြီး ဘယ်သွားသွားခေါ်ဆောင်သွားပေးခဲ့တဲ့ ဗီဒီယိုဟာ တရုတ်လူမှုကွန်ရက်မှာ နာမည်ကြီးသွားခဲ့ပါသေးတယ်။ သူတို့လင်မယားကတော့ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Anhui ဒေသမှာနေထိုင်တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ နာမည်အကြီးဆုံး တောင်၁ဝခုထဲက တောင်တစ်တောင်ကို တက်ခဲ့ပါတယ်။


တောင်တက်တော့ ၅၃နှစ် မိန်းမကို ကုန်းပိုးပြီး ခေါ်ဆောင်သွားတဲ့ မြင်ကွင်းဟာ တကယ်စိတ်မကောင်းစရာပါပဲ။ နောက်မှ သူမ သွားချင်တဲ့နေရာတွေကို လိုက်မပို့ခဲ့လို့ နောင်တရနေတာမျိုးမဖြစ်ချင်ဘူးလို့ ဆိုပါတယ်။

” ကမ္ဘာကြီးက အရမ်းကျယ်တယ်။ သူသွားချင်တဲ့ နေရာတွေကို ကျွန်တော်တက်နိုင်သလောက် လိုက်ပို့တယ်။ နောက်မှ နောင်တရနေတာမျိုးမဖြစ်ချင်ဘူး ”


Wang ရဲ့ မိန်းမဟာ လွန်ခဲ့တဲ့၅နှစ်က motor neurone disease (MND) ဆိုတဲ့ ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါက ပြင်းထန်လွန်းလို့ ဦးနှောက်ကြောတွေကိုပါ ထိခိုက်ခဲ့ပြီး ကြွက်သားတွေလည်း လှုပ်ရှားနိုင်စွမ်းမရှိတော့ပါဘူး။

ကလေးလည်း မရှိတဲ့အတွက် ယောကျ်ားအနေနဲ့ မိန်းမအပေါ် အပြည့်ဝလည်း ပြုစုစောင့်ရှောက်နိုင်ခဲ့ပါတယ်။ သူတို့လင်မယားအတွက် စိတ်လည်းမကောင်းသလို၊ ကြည်နူးရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*