ဒေါ်လာတစ်သိန်းခုနှစ်သောင်း ကားပေါ်ကပြုတ်ကျလာတာကို ကောက်ပြီး လိုက်ပေးတဲ့ ယာဉ်မောင်း

ဒေါ်လာတစ်သိန်းခုနှစ်သောင်း ကားပေါ်ကပြုတ်ကျလာတာကို ကောက်ပြီး လိုက်ပေးတဲ့ ယာဉ်မောင်း

ကောင်းကင်ပေါ်က ပိုက်ဆံထုတ်ကြီးကျလာတာကို ဘယ်သူကများ မလိုချင်ဘဲနေပါ့မလဲနော်။ ဂျော်ဂျီယာပြည်နယ် အဝေးပြေးလမ်းမကြီးမှာ ကားမောင်းနေကြတဲ့ ယာဉ်မောင်းတွေရဲ့ ရှေ့ကို ပိုက်ဆံထုပ်ကြီး ဘုတ်ကနဲ ကျလာခဲ့ပါတယ်။

ပိုက်ဆံသယ်တဲ့ သံချပ်ကာထရပ်ကားပေါ်ကနေ ဒေါ်လာတစ်သိန်းခုနှစ်သောင်း ငါးထောင် (မြန်မာငွေ သိန်းနှစ်ထောင့်ခြောက်ရာလေးဆယ်ကျော်)လောက် ပြုတ်ကျလာတာကို နောက်ကားတွေက ယာဉ်မောင်းတွေက တွေ့ခဲ့တာဖြစ်ပါတယ်။ ပိုက်ဆံတွေက လေထဲမှာလွင့်ဝဲပြီး ပျံထွက်လာတာ ကောင်းကင်ပေါ်က ငွေမိုးရွာသလိုပါပဲတဲ့။ ဒါပေမဲ့ နောက်ကားယာဉ်မောင်းတွေက ပိုက်ဆံတွေကိုကောက်ပြီး ရဲဌာနကို အပြေးသွားအပ်ကြပါတယ်။

“ယာဉ်မောင်း ၇ ယောက်ရောက်လာကြတယ်။ ဒေါ်လာတွေ ကောက်ကောက်ပြီး လာအပ်တာပါ။ တစ်ဒေါ်လာကနေ ၂၁၀၀ အထိ ပါကြတယ်”လို့ ဒွန်ဝူဒီရဲဌာနက တပ်ကြပ်ကြီး ရောဘတ်ပါဆန်စ်က ပြောကြားပါတယ်။ ရဲကထိုငွေများကို လက်ခံထားပေးပြီး ပိုင်ရှင်လာရောက်ထုတ်ယူသည်အထိ ထိန်းသိမ်းပေးထားရတာလည်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*