
ဘရာဇီးနိုင်ငံဟာ တောင်အမေရိကတိုက်မျှာ ဧရိယာအကြီးဆုံး နဲ့ အကျယ်ဝန်းဆုံးနိုင်ငံဖြစ်ပါတယ်။Capital မြိုကတော်ဟာ Brasilia ဖြစ်ပြီး အခြားသော အထင်ကရ နာမည်ကြီးတဲ့ မြို့တွေကတော့ Rio de Janeiro ၊ Fortaleza နဲ့Sao Paulo မြို့ တို့ဖြစ်ပါတယ်။ ပေါ်တူဂီ ဘာသာစကား အသုံးပြု ကြပြီး လူဦးရေ (208 million) နေထိုင်ကြပါတယ်။ တနေ့ ကမ္ဘာပတ်ဖို့ စိတ်ကူးသာ ရှိမယ်ဆိုရင် ဘရာဇီးနိုင်ငံကို သွားရောက်လည်ပတ်သင့်သလို ဘာကြောင့်သွားသင့်သလဲဆိုတဲ့ လည်ပတ်စရာတွေနဲ့ အလှအပတွေကို ဖော်ပြလိုက်ရပါတယ်။
Christ The Redeemer
Christ The Redeemer ရုပ်ထုဟာ Rio de Janeiro မြို့ရဲ့ 700-metre (2,300 ft) မြင့်တဲ့ ကော်ကိုဗာဒို (Corcovado)တောင်ပေါ် မှာတည်ရှိတာဖြစ်ပါတယ်။ယေရူခရစ်တော် လက်နှစ်ဖက် ဖြန့်ထားတဲ့ Jesus Christ ရုပ်ထုဖြစ်ပြီး တောင်ပေါ်ကနေ Rio တမြို့လုံးရဲ့ အလှအပ ကိုခံစားနိုင်ပါတယ်။
Jericoacoara Beach
Jericoacoara ကမ်းခြေဟာ ဘရားဇီနိုင်ငံ ရဲ့ အရှေ့မြောက်Ceará ပြည်နယ်အပိုင်းနားက ကမ်းရိုးတန်း တံငါသည်ရွာအသေးလေးဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ အလှဆုံးကမ်းခြေတွေထဲက တစ်ခုဖြစ်ပါတယ်။
Pantanal
ဘရားဇီနိုင်ငံ အရှေ့မြောက်ဘက် မှာ ဆိုရင် ပန်တနယ်လ်(Pantanal )ဒေသဟာ ကမ္ဘာ့အကြီးဆုံး အပူပိုင်း စိုစွတ်တောဖြစ်ပြီး ဌက်မျိုးစိတ်ပေါင်း(၁၀၀၀) ကျော် ၊ ငါးမျိုးစိတ်ပေါင်း(၁၀၀)ကျော်၊ နို့တိုက်သတ္တဝါပေါင်း(၃၀၀)ကျော်၊ တွားသွားသတ္တဝါပေါင်း (၄၈၀)ကျော် နဲ့ ကျောရိုးမဲ့သတ္တဝါမျိုးကွဲပေါင်း(၉၀၀၀)ကျော် တို့ဟာ သဘာ၀ တောကြီးလို မှီတင်းနေထိုင်ကြတာဖြစ်ပါတယ်။ သဘာဝတောတောင်အလှနဲ့ ကြာပန်းအလှတွေကိုခံစားနိုင်ပြီး မိကျောင်းတွေပေါတာမို့ သတိတော့ထားရပါမယ်။
Chapada Diamantina
Chapada Diamantina ဟာ ဘရားဇီနိုင်ငံအရှေ့မြောက်ဘက်အပိုင်းBahia ဒေသ မှာ ရှိတဲ့ သဘာဝအမျိုးသားပန်းခြံဖြစ်ပါတယ်။ လှပတဲ့ တောင်တန်းတွေနဲ့ စိမ့်ရေပေါက်ရေပြာပြာ လှိုင်ဂူတွေမျာ ရေကူးနိုင်ပါတယ်။
Lencois De Maranhao
Lencois De Maranhao ဟာ ဘရားဇီနိုင်ငံ အရှေ့မြောက်ဘက်Maranhão ဒေသအပိုင်းမှာ တည်ရှိတဲ့ အမျိုးသားပန်းခြံဖြစ်ပါတယ်။ 1,500 km2 (580 sq mi) ကျယ်ဝန်းတဲ့ သဲသောင်ပြင်ကြီးဖြစ်ပေမဲ့လည်း မိုးမကြာခဏ ရွာသွန်းမှေုကြာင့် ရေတွေစုစည်းနေကာ သဘာဝကန်အငယ်စားလေးတွေဖြစ်ပေးနေတာဖြစ်ပါတယ်။ ဘာအပင်မှ ပေါက်လေ့မရှိပဲ June 2, 1981 လောက်ကတည်းက သဘာဝပန်းခြံ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
The Majestic Iguazu Falls
Majestic Iguazu Falls ရေတံခွန်ဟာ ဘရာဇီးနိုင်ငံ Paraná အပိုင်းဒေသ နဲ့Argentina နိုင်ငံ Misiones ဒေသ နယ်နိမိတ်နားက Iguazu မြစ်ရဲ့ အဆုံးမှာ ရှိတာဖြစ်ပါတယ်။ ကမ္ဘာ့ အကြီးဆုံး ရေတံခွန်မှာ တစ်ခုအပါအဝင်ဖြစ်ပြီး 82 metres (269 ft) မြင့်ပါတယ်။
Fernando De Noronha
Fernando De Noronhaကမ်းခြေဟာ ဘရားဇီးကမ်းရိုးတန်းမှာ ရှိတဲ့ Atlantic သမုဒ္ဒရာအနီးမျာ ရှိတဲ့ ကျွန်းစုပေါင်း (၂၁)စုထဲက တစ်ခုဖြစ်ပါတယ်။ ဧရိယာ 8.4 km2 (7.1 sq mi) ကျယ်ဝန်းပြီး ရေအနက် 50 metres (160 ft) ထိကို မြင်နိုင်လောက်ထိ ရေက ကြည်လင်နေပါတယ်။
Carnival Festival
Carnival ပွဲတော်ဟာ အနောက်တိုင်း ခရစ်ယာန်ဘာသာ နဲ့ ရှေးကျသော ဂရိ ခရစ်ယာန်ဘာသာတို့ ပေါင်းစပ်လို့ ဆင်းသက်လာတဲ့ ဘာသာေရေးပွဲတော်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ Carnival ပွဲတော် ကျင်းပကြပြီး ဘရားဇီနိုင်ငံRio de Janeiro မြို မှာ ကျင်းပတဲ့ Carnival ပွဲတော်ဟာ ကမ္ဘာ့အကြီးဆုံးပွဲဖြစ်ပါတယ်။
Ipanema Beach
Ipanema Beach ကမ်းခြေဟာ ဘရာဇီးနိုင်ငံတောင်ဘက်Rio de Janeiro မြို့ အပိုင်းမှာတည်ရှိတာဖြစ်ပြီး ကမ္ဘာ့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံး ကမ်းခြေဖြစ်ပါတယ်။ကမ်းခြေမှာ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ စကတ်ဘုတ်စ်စီးခြင်း နဲ့ လမ်းလျှောက်ခြင်းတို့ အပြင် ကမ်းခြေရဲ့ သဘာဝအလှအပကိုခံစားနိုင်ပါတယ်။
Brazilian Women
ဘရာဇီးနိုင်ငံဟာ မိန်းမလှကျွန်းလို့တင်စားရလောက်အောင် ဘရားဇီးနိုင်ငံသူတွေဟာ ကမ္ဘာကျော်လောက်အောင် လှပပါတယ်။ အပူပိုင်းနိုင်ငံဒေသမို့ အသားအရေးက ညိုစိမ့်စိမ့် ရှိပြီး အရပ်အမောင်းကောင်းကောင်းနဲ့ ခန္ဓာကိုယ် အချိုးအစားအတော်လေးပြေပြစ်ကြပါတယ်။ ခင်မင်တတ် ဖော်တတ်ပြီး ဆွဲဆောင်မှု ရှိတဲ့ အမျိုးသမီးတွေမို့ ရောက်လေရာ နိုင်ငံတိုင်းမှာ နာမည်ကြီးပါတယ်။
Leave a Reply