ခရီးသွားလာမှုတွေကန့်သတ်လိုက်လို့ ဘဝမှာပထမဆုံးအကြိမ် အနားယူခွင့်ရခဲ့ကြတဲ့ ဆင်အုပ်ကြီး

Civid – 19 ကူးစက်ပျံ့နှံ့မှုတွေကြောင့် နိုင်ငံအတော်များများဟာ သွားလာမှုတွေကိုကန့်သတ်တားမြစ်လိုက်လို့ ခရီးသွားတွေလာရောက်လည်ပတ်မှုများတဲ့နေရာအတော်များများကို ယာယီပိတ်သိမ်းထားလျက်ရှိပါတယ် ။ ဒီလို သွားလာမှုတွေကိုကန့်သတ်တားမြစ်လိုက်လို့ ထိုင်းနိုင်ငံမြောက်ဖက် ၊

Chiang Mai မှာရှိနေတဲ့ ဆင်စခန်းမှ ဆင်များမှာလည်း ခရီးသွားတွေကိုသယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ရတော့ပဲ ပထမဆုံးအကြိမ်အနားယူခွင့်ရရှိခဲ့ကြပါတယ် ။ အဆိုပါဆင်လေးတွေဟာ ကျောကုန်းပေါ်မှာ ခရီးသည်တွေစီးနင်ဖို့ သစ်သားထိုင်ခုံကြီးများကိုအမြဲသယ်ဆောင်ထားရပြီး ၊ နားနေချိန်မှာလည်း သံကြိုးတွေနဲ့ ချည်နှောင်ထားခြင်းမျိုးခံခဲ့ရတာပါ ။

အဆိုပါဆင်စခန်းရဲ့ ဒါရိုက်တာဖြစ်သူ Anchalee Kalampichit ရဲ့ပြောပြချက်အရ 44နှစ်အတွင်း ပထမဦးဆုံးအကြိမ်ဆင်တွေဟာ သစ်သားထိုင်ခုံတွေမသယ်ရတော့တဲ့အပြင် ၊ ဖျော်ဖြေတင်ဆက်မှုတို့ကိုပါ မပြုလုပ်ရတော့ပဲ လွတ်လပ်စွာသွားလာလည်ပတ်ခွင့်ရရှိခဲ့တာပါပဲ ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ အဆိုပါ ဆင်စခန်းမှ ဆင် 78 ကောင်ဟာ သစ်သားထိုင်ခုံတွေ လုံးဝမသယ်ရတော့ပဲ အနားယူခွင့်ရရှိခဲ့ကြတာပါ ။

ဒါကြောင့်မို့ လူအများစုက တိရစ္ဆာန်တွေကြောင့် ခရီးသွားလာလည်ပတ်မှုမြင့်မားတဲ့ အာရှနိုင်ငံများမှ နေရာအတော်များများမှာ ယခုလိုသွားလာခွင့် ကန့်သတ်ထားခံရမှုဖြစ်နေစဉ်အတွင်း တိရစ္ဆာန်လေးတွေကို အပြည့်အဝအနားယူစေပြီး ၊ လွတ်လပ်သွားလာခွင့်ပေးကြဖို့ တောင်းဆိုနေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*