အသီးအရွက်တွေ နဲ့ ငါးတွေကို ခြံစည်းရိုးမှာချိတ်ဆွဲထားပြီး လိုအပ်သူများကိုအချင်းချင်းဝေမျှပေးနေကြတဲ့ ရွာလေးတစ်ရွာ

ယခုအချိန်မှာ ကပ်ရောဂါအခြေအနေတွေကြောင့် လူတိုင်းလိုလိုအခက်အခဲတွေကြုံတွေ့နေရလျက်ရှိပါတယ် ။ အထူးသဖြင့် ရောဂါကူးစက်မှုမြင့်နေတဲ့နိုင်ငံတွေမှာဆိုရင် အသွားအလာကန့်သတ်လိုက်မှုကြောင့် အစားအသောက်တွေပြက်လပ်မှုတွေကြောင့် ဒုက္ခရောက်နေလျက်ရှိပါတယ် ။

သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံ ၊ Sabah ပြည်နယ်မှာရှိတဲ့ ရွာလေးတစ်ရွာကတော့ ၎င်းတို့၏ခြံထွက် အသီးအရွက်များ နှင့် လတ်ဆတ်တဲ့ငါးတွေကို ခြံစည်းရိုးမှာချိတ်ဆွဲထားပြီး လိုအပ်နေသူမည်သူမဆို အခမဲ့ယူဆောင်နိုင်ဖို့လုပ်ဆောင်ထားကြပြီး အချင်းချင်းကူညီရိုင်းပင်မှုများ ပြုလုပ်နေလျက်ရှိပါတယ် ။ အဆိုပါရိုးရှင်းလွန်းတဲ့နည်းလမ်းနဲ့ ရောဂါကူးစက်မှုလျော့နဲအောင် အချင်းချင်းကူညီဖေးမကြတဲ့လုပ်ရပ်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။

အဆိုပါအဖြစ်အပျက်ကိုတော့ Bosku Orang Sabah အမည်ရှိတဲ့ Facebook စာမျက်နှာတစ်ခုက April 3 ရက်နေ့က ဝေမျှထားခဲ့တာဖြစ်ပြီး ၊ အသီးအရွက်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီးချိတ်ဆွဲထားကာ ၊ မိသားစုတစ်ခုမှ တစ်ထုပ်သာယူကြဖို့ ကပ်ထူပြားပေါ် စားများရေးသားပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားပါသေးတယ် ။

ယခုလို ရွေ့လျားကန့်သတ်မှုတွေ ပြုလုပ်နေတဲ့အချိန်မျိုးမှာ အချင်းချင်းကူညီရိုင်းပင်းတဲ့လုပ်ရပ်မျိုးဟာ အတော်လေးကိုလေးစားအားကျဖွယ် လုပ်ရပ်ဖြစ်ပြီး ယခုကိုဗစ္ကူးစက်မှုကို အချင်းချင်းပူးပေါင်းပြီး ခုခံကာကွယ်နိုင်သွားမယ်လို့ လူအများကမျှော်လင့်နေလျက်ရှိပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*