ဧရာမကြီးမားတဲ့ မိကျောင်းကြီးကြားထဲမှာ ကောင်မလေးကို လက်ထက်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

မိန်းကလေးအများစုဟာ လက်ထက်ခွင့်တောင်းတဲ့အခါ စိတ်လှုပ်ရှားဖွယ် ပျော်ရွင်စရာ ရိုမန်တစ်ဆန်တာကို သဘောကျကြပါတယ်။ ယခုအမျိုးသားကတော့ သူရဲ့ ချစ်သူကို လက်ထက်ခွင့်တောင်ရာတွင် ကောင်မလေးကို စိတ်လှုပ်ရှားအောင်ဆိုပြီး အသက်ဆုံးရူံးဖို့ အနီးကပ်ဆုံးနေရာလေးမှာ လက်ထက်ခွင့်တောင်းခဲ့ပါတယ်။

စိတ်လှုပ်ရှားရတာကို ကြိုက်တဲ့ကောင်မလေး အတွက် သူရဲ့ ချစ်သူက ဧရာမမိကျောင်းကြီးတွေ ရှိတဲ့ မှန်တိုင်ကီထဲမှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

အဆိုပါ အမျိုးသားဟာ လက်ထပ်လက်စွပ်ကို ဘောင်းဘီအိပ်ထဲ ကနေ ထုတ်ကာ ရေထဲမှာပဲ ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ကောင်မလေးကတော့ မိကျောင်းတွေကြောင့် ကြောက်ကြောက်ရွံရွံ ဖြစ်နေပြီး အခုလို အံ့အားသင့်စွာလက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ကြောက်လဲကြောက် ပျော်လဲပျော်နဲ့လက်ထပ်ခွင့်တောင်းတာကို ဝမ်းသာအားရ လက်ခံခဲ့ပါတယ်။

အဆိုပါ အမျိုးသားရဲ့ အသက်ဟာ ၃၃နှစ်ရှိပြီး ကောင်မလေးရဲ့ အသက်ကတော့ ၂၈နှစ်သေးရှိပါသေးတယ်။အခုလိုမိချောင်းတွေဝိုင်းနေတဲ့ မှန်တိုင်ကီအထဲမှာ လက်ထပ်ခွင့်တောင်းတာ သူတို့စုံတွဲကတော့ ပထမဆုံးဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလဲ ဒီလို ဧရာမမိကျောင်းကြီးတွေ ဝိုင်းနေတဲ့ မှန်တိုင်ကီထဲမှာ ကိုယ်ကောင်မလေးကို ချစ်ခွင့်မပန်ချင်ကြဘူးလားခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*