ဓာတ်ပုံလေးတစ်ပုံကြောင့် ကျောင်းဆရာမအဖြစ်ကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ သူမ

လတ်တလောအချိန်အတွင်းမှာဆိုရင်တော့ ရုရှားနိုင်ငံအတွင်းမှာ ဝေဖန်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

ထိုဝေဖန်မှုတွေစတင်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကတော့ ကျောင်းဆရာမတစ်ဦးကို အလုပ်ထုပ်ခဲ့ရာကနေ စတင်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

ဗစ်ခ်တိုးရီးယား ပိုပိုဗာ လို့အမည်ရတဲ့ ၎င်းကျောင်းဆရာမကတော့ အွန်းမ်စ်ခ်မြို့ စာသင်ကျောင်း တကျောင်း မှာတာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး သူမကတော့ Instagram မှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံတစ်ပုံတင်ခဲ့တာကြောင့် ယခုလိုအလုပ်ထုပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါကျောင်းဆရာမကိုတော့ သူရဲ့ လုပ်ရပ်ဟာ ကျောင်းနဲ့ အလုပ်အကိုင်ပေါ်မှာ အလေးမထား ၊ မလေးမစားမှု ပြုရာရောက်တယ်ဆိုပြီး အလုပ်မှထုပ်ပယ်ခဲ့တာပဲဖြစ်ပါတယ်။

ဗစ်ခ်တိုးရီးယား ပိုပိုဗာ ကိုတော့ ကျောင်းဆရာမလုပ်မှာလား မော်ဒယ်လုပ်မှာလားဆိုပြီး ကျောင်းအကြီးကဲတွေက မေးခွန်းထုတ်ခဲ့ကြပြီး နောက်မှာ အခုလိုအလုပ်ထုတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒီအဆုံးအဖြတ်ကိုလက်မခံကြတဲ့ လူပေါင်း ၃၀၀၀ ကျော်လောက်ဟာဆိုရင်လည်း ရေကူးဝတ်စုံနဲ့ရိုက်ကူးထားတဲ့ သူတို့ရဲ့ဓာတ်ပုံတွေကို Instagram ပေါ်မှာ တင်ကာ ဆန့်ကျင်ခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် အခြားလူတွေကလည်း ဒါဟာစံတစ်ခုတော့မဟုတ်ပါဘူး ။ ဆရာ၊ဆရာမတွေဟာလည်းလူသားတွေပါပဲ ဒါပေမယ့် သူတို့က ပညာပေးသူတွေပါ။ ဟုတ်တယ်၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဝန်းကျင်လည်း ရှိရမယ်လေ။ တာဝန်ချိန်ပြင်ပမှာ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ ဆိုတာမျိုးတွေကိုရော ခင်ဗျားတို့ ဘယ်လိုထင်လဲ။ ဘာကြောင့် မဖြစ်နိုင်ရမှာပဲ။ သူတို့လည်း လူတွေပဲလေ “ တုန့်ပြန်ပြောကြားမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် instagram သုံစွဲသူတွေကလည်း “ခုလို ရူးနှမ်းတာမျိုးတွေ ကျမတို့နိုင်ငံမှာ ဘယ်တော့ရပ်မှာလဲ”လို့ မေးခွန်းတွေထုတ်နေကြတယ်လို့သိရတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*