
ဖခင်မဲ့ သတို့သမီးတွေရဲ့ ဖခင်နေရာကနေ တာဝန်ယူပြီး မင်္ဂလာပွဲကျင်းပပေးရခြင်းက ဂုဏ်ယူစရာဖြစ်ကြောင်း ဆာဗာနီက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှ စိန်ကုန်သည်သူဌေးတစ်ဦးက ဖခင်မရှိတဲ့ သတို့သမီး ၂၀၀ ကို စုပေါင်းမင်္ဂလာပွဲ စီစဉ်ကျင်းပပေးခဲ့ကြောင်း သိရပါတယ်။ စိန်ကုန်သည်သူဌေးက ဒီဇင်ဘာ ၂၅ ရက်မှာ ဖခင်မဲ့ သတို့သမီး ၂၃၆ ဦးကို လက်ထပ်ပွဲကျင်းပပေးပြီး တစ်ဦးစီကိုလည်း အမေရိကန်ဒေါ်လာ ထောင်နဲ့ချီတန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါသူဌေးက ဆင်းရဲတဲ့ အမျိုးသမီးတွေကို ကောင်းမွန်တဲ့ ဘဝသစ်စတင်နိုင်ဖို့ ကူညီပေးခဲ့တာလို့ ဆိုပါတယ်။ မဟက်ရှ် ဆာဗာနီက ဆင်းရဲတဲ့ မိသားစုများမှ ဖခင်မဲ့ သတို့သမီးတွေကို ဟိန္ဒူရိုးရာဓလေ့ဖြင့် ဂူဂျာရတ်ပြည်နယ်မှာ မင်္ဂလာပွဲကျင်းပေးခဲ့တာ ဖြစ်ပါတယ်။ စိန်ကုန်သည်သူဌေး ဆာဗာနီက အလားတူ မင်္ဂလာပွဲမျိုးကို ၂၀၁၂ ခုနှစ်ကလည်း စီစဉ်ကျင်းပပေးခဲ့ဖူးပါတယ်။ဖခင်မဲ့ သတို့သမီးတွေရဲ့ ဖခင်နေရာကနေ တာဝန်ယူပြီး မင်္ဂလာပွဲကျင်းပပေးရခြင်းက ဂုဏ်ယူစရာဖြစ်ကြောင်း ဆာဗာနီက ပြောပါတယ်။
ယခုအခါ ဆာဗာနီက ဖခင်နေရာမှနေပြီး သတို့သမီး ၇၀၀ ကျော်ကို မင်္ဂလာပွဲ ကျင်းပပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဆာဗာနီက သတို့သမီးတွေကို မင်္ဂလာပွဲကျင်းပပေးတဲ့အပြင် အမေရိကန်ဒေါ်လာ ၇,၄၀၀ (အိန္ဒိယရူပီး ၅၀၀,၀၀၀) တန်ဖိုးရှိတဲ့ ဆိုဖာထိုင်ခုံများနဲ့ အိပ်ရာခုတင်များ အပါအဝင် အိမ်အသုံးအဆောင်များကိုလည်း လက်ဖွဲ့အဖြစ် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ခရစ္စမတ်နေ့က ကျင်းပခဲ့တဲ့ စုပေါင်းမင်္ဂလာပွဲမှာ ဆာဗာနီရဲ့ သား ၂ ဦးကလည်း လက်ထပ်ထိမ်းမြားခဲ့ရာ စုစုပေါင်း စုံတွဲ ၂၃၈ တွဲရဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲအခမ်အနား ဖြစ်ခဲ့ပါတယ်။ ဆာဗာနီဟာ ယခုလို ဖခင်မဲ့ သတို့သမီးတွေအတွက် လက်ထက်ပွဲ စီစဉ်ပေးမှုကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆာဗာနီထံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာ ၎င်းရဲ့သမီးဖြစ်သူ မင်္ဂလာပွဲမတိုင်မီ ရက်အနည်းငယ်အလိုမှာ သေဆုံးခဲ့တဲ့ဖြစ်ရပ် ကြုံတွေ့ခဲ့ရပြီးနောက် အဆိုပါ လက်ပွဲအစီအစဉ်ကို စတင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Leave a Reply